Estee Lauder ကထုတ်ထားတဲ့ Advanced Night Micro Cleansing Balm ကတော့ အသားထဲထိစိမ့်ဝင်နိုင်စွမ်းရှိပြီး ပိုးသားလိုနူးညံ့ချောမွတ်သွားအောင်သန့်စင်ပေးနိုင်ပါတယ်။ နို့ရည်ပုံစံထုတ်ထားပေမယ့် အလွယ်တကူဆေးကြောနိုင်ပြီး ရေဆေးချလိုက်တဲ့နောက်မှာ တကယ့်ကိုသန့်စင်တဲ့ခံစားမှုကိုရရှိစေမှာပါ။ အသုံးပြုတဲ့အခါမှာ မျက်နှာကိုအသာအယာနှိပ်နယ်ပေးပြီး ရေနွေးနွေးနဲ့ဆေးကြောပေးမယ်ဆိုရင် ပိုအကျိုးထိရောက်မှုရှိစေမှာပါ။
လိမ်းလိုက်တဲ့အခါ အသားထဲကို အလွယ်တကူစိမ့်ဝင်သွားပြီး နူးညံ့တဲ့ အထိအတွေ့ကို ရရှိစေပါတယ်။ နို့ရည်ပုံစံလေးထုတ်လုပ်ပေးထားပြီး ဆေးကြောတဲ့အခါမှာတော့ ခက်ခဲခြင်းမရှိစေပါဘူး။