အသားအရေကြမ်းတမ်းတာကို အမြန်ဖြေရှင်းပေးမယ့် SKINCARE TRIO FACIAL CARE PACK

ပျိုမေတို့ကို သြစတြေးလျ နာမည်ကျော် brand တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Gaia Skin Naturals ကနေ ထုတ်လုပ်ထားတဲ့ SKINCARE TRIO FACIAL CARE PACK  လေးနဲ့ပါ။ TRIO FACIAL ဆိုတဲ့အတိုင်း မျက်နှာနဲ့ ပတ်သက်တဲ့ ပစ္စည်းသုံးခု ပါပါတယ်။ အဲဒါကတော့ cleanser, toner နဲ့ moisture  တို့ပါ။ ဒီပစ္စည်း (၃)မျိုးကို ခရီးဆောင်အိတ်ထဲမှာ ထည့်သွင်းထားတာကြောင့် ခရီးသွားတဲ့အခါမှာ လွယ်လွယ်ကူကူ ယူသွားရုံပါပဲ။ အိတ်သပ်သပ် ထပ်ဝယ်စရာ မလိုတော့ဘူးပေါ့။

Gaia Skin Naturals ကနေ ထုတ်လုပ်ထားတဲ့ skin care ပစ္စည်းတွေမှာဆိုရင် အန္တရာယ်ဖြစ်စေတဲ့ အမွှေးအကြိုင်အတုတွေ၊ ရေနံနဲ့ ဓါတ်သတ္ထုအဆီတွေ၊ lanolin နဲ့ phthalates တွေ၊ ဆာဖာတွေ၊ မျက်နှာခြောက်သွေ့စေတဲ့ ဓါတုပစ္စည်းတွေ လုံးဝမပါဝင်ကြောင်း အာမခံထားပါတယ်။

Gaia ရဲ့ FOAMING CLEANSER မှာဆိုရင် နူးညံ့တဲ့ အမြှုပ်လေးတွေ ရှိပါတယ်။ ဆပ်ပြာနဲ့ ဆာဖာ လုံးဝမပါဝင်ပါဘူး။ အော်ဂဲနစ် အစစ်ဖြစ်တာကြောင့် အသားအရေတွေကို ထိခိုက်ခြောက်သွေ့ခြင်းမရှိဘဲ အညစ်အကြေးတွေကို ကုန်အောင် ဖယ်ရှားပေးပါတယ်။ အိုမင်းရင့်ရော်တာကို တားဆီးပေးပြီး နူးညံ့တဲ့ မျက်နှာကို ပိုင်ဆိုင်စေပါတယ်။

REFERSHING TONER မှာဆိုရင် အသားအရေရဲ့ pH ကို ထိန်းပေးထားပြီး လန်းလန်းဆန်းဆန်း ဖြစ်နေစေပါတယ်။ အော်ဂဲနစ် နှင်းဆီကနေ ထုတ်ယူထားတာကြောင့် သဘာဝနှင်းဆီပန်းနံ့လေးကို ထိတွေ့မိမှာပါ။

FACIAL MOISTURISER မှာဆိုရင်တော့ အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ဆည်းပေးတာကြောင့် အရေပြားအစိုဓါတ်ကို ထိန်းသိမ်းပေးပြီး ကျန်းမာတဲ့ အသားအရေကို ရရှိစေပါတယ်။ အရေပြားမှာ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာဖြစ်တဲ့ လှိုင်းထတာနဲ့ တွန့်တာတွေကို ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ အသားအရေအတွက် အရေးကြီးတဲ့ fatty acid ၊ သတ္ထုဓါတ်နဲ့ အာဟာရဓါတ်တွေ ရရှိစေပါတယ်။ တိုနာအသုံးပြုပြီး moisture ကို လိမ်းပေးမယ်ဆိုရင် ချောမွေ့တဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေပါတယ်။

ပျိုမေတို့ရဲ့ အသားအရေအတွက် စိုးရိမ်ပူပန်တာတွေကို Gaia Skin Naturals က တာဝန်ယူပေးနိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။

 

Photo and Ref:  www.gaiaskinnaturals.com

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password