အသားရေအတွက် အကောင်းဆုံး အစားအစာ (၇) မျိုး

အစားအသောက်ဆိုတာကတော့ ကျန်းမာရေးအတွက် တင်မကဘဲ အလှအပ အတွက်ပါ အရေးပါတဲ့အခြေခံ အရာတစ်ခုပဲ ဖြစ်ပါတယ်။ နေ့စဉ်စားသုံးပေးတဲ့အစားအစာတွေ အပေါ်မှာလိုက်ပြီး အသားအရေက စိုပြေ လှပလာနိုင်တာကိုတော့ သတိရပေးပါနော်။ ဒါကြောင့် ဘယ်အစားအစာက အသားအရေအတွက် အကောင်းဆုံး ဆိုတာ ဖြစ်မလဲ ဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

(၁) လက်ဖက်စိမ်း
လက်ဖက်တွေအမျိုးစုံ ရှိတဲ့အထဲကမှ လက်ဖက်စိမ်းကတော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးပဲ ဖြစ်ပါတယ်။ လက်ဖက်စိမ်းကို သောက်သုံးပေးတာကတော့ အရွယ်တင်နုပျိုစေသလို အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။

(၂) ဒိန်ချဉ်
အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့အရေးအကြောင်းတွေကို လျော့နည်းစေနိုင်ဖို့အတွက် ဆိုရင်တော့ ဒိန်ချဉ်ကို နေ့စဉ် မှန်မှန် စားသုံးပေးဖို့ လိုအပ်ပါတယ်နော်။

(၃) သလဲသီး
ခန္ဓာကိုယ်တွင်းက သွေးလည်ပတ်မှုကို အားကောင်းစေပြီး အသားအရေကို ပန်းသွေးရောင် ဖြစ်ဖို့ အတွက် သလဲသီးက အားဖြည့်ပေးစေနိုင်ပါတယ်။

(၄) သစ်ကြားသီး
အိုမီဂါ ၃ ပါဝင်ပြီး ကိုယ်တွင်းက ကိုလက်ဂျင်တွေကို ပြန်လည် အားဖြည့်ပေးပြီး အသားအရေကို ပိုမို နူးညံ့ပြီး ကြည်လင်လာစေနိုင်ပါတယ်။

(၅) အဝါရောင်နဲ့ လိမ္မော်ရောင် ရှိတဲ့အသီးများ
အရောင်ပါတဲ့ အသီးအနှံတွေမှာ သဘာဝက ပေးတဲ့ဓါတ်တွေ အများကြီး ပါဝင်ပါတယ်။ ဒီအထဲကမှ အဝါရောင်နဲ့ လိမ္မော်ရောင် ရှိတဲ့အသီးတွေကတော့ အသားအရေကို လှပဖို့အတွက် အထောက်အကူ ပြုပေးနိုင်တဲ့အတွက် စားသုံးပေးသင့်ပါတယ်။

(၆) နေကြာစေ့
နေကြာစေ့မှာကတော့ ဗီတာမင် အီး ပါဝင်ပြီး အသားအရေ အပေါ်ဆုံးအလွှာကို နေရောင်ခြည် ထိရောက်ခြင်းမှ အကောင်းဆုံး ကာကွယ်မှု ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၇) ပဲပိစပ်
Soy Bean ဆိုပြီး အသိများတဲ့ ပဲပိစပ်ကတော့ ပရိုတိန်းနဲ့ မင်နရယ်ဓါတ်တွေ ပြည့်ဝပြီး ကျန်းမာရေးအတွက် ကောင်းကျိုးပေးသလို အသားအရေကိုလည်း ကြည်လင်စေနိုင်တဲ့အစွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ပဲ အမျိုးအစားပဲ ဖြစ်ပါတယ်။

အသားအရေလေးက အပြစ်အနာအဆာကင်းပြီး ကြည်လင် တောက်ပနေဖို့အတွက်ဆိုရင် အခု ပြောပြပေးထားတဲ့ အစားအစာလေးတွေကို နေ့တိုင်းမှန်မှန် စားသုံးပေးဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password