ကမ္ဘာတစ်လွှားမှာ အောင်မြင်ကျော်ကြားတဲ့ cosmetic brand (၁၀)ခု

အလှကုန်ပစ္စည်း cosmetic တွေ ရှေးယခင်ကတည်းက သုံးစွဲခဲ့တာကို မှတ်တမ်းတွေထဲမှာတွေ့ရပါတယ်။ Cosmetic ပစ္စည်းတွေကို ခေတ်အဆက်ဆက် တီထွင်ကြံဆလာခဲ့ပါတယ်။ Cosmetic ပစ္စည်းတွေကို တစ်မျိုးတည်း ပုံသေထုတ်လို့မရပါဘူးနော်။ အသားအရေအမျိုးအစား၊ နေရာဒေသနဲ့ အသက်အရွယ်ကိုလိုက်ပြီး အမျိုးမျိုး ထုတ်လုပ်ရပါတယ်။

ယနေ့ခေတ်ကမ္ဘာတစ်လွှားမှာ အောင်မြင်ကျော်ကြားလူသိများတဲ့ cosmetic brand (၁၀)ခု ကို ပျိုမေတို့အတွက် ပြောပြပေးချင်ပါတယ်။ ဒီ(၁၀)ခုထဲက သုံးခု ဒါမှမဟုတ် လေးခုလောက်က ပျိုမေတို့ရဲ့ အလှပြင်စားပွဲပေါ်မှာ ရှိနေတဲ့ ပစ္စည်းတွေပါ။

(၁) L’oreal

L’oreal ကတော့ ပျိုမေတို့နဲ့ အရင်းနှီးဆုံး brand တစ်ခုပါပဲ။ L’oreal မှာ မိတ်ကပ်တွေအပြင် အသားအရေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ skin care ပစ္စည်းများနဲ့ ဆံပင်နဲ့ ပတ်သတ်တဲ့ အသုံးအဆောင်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်းလုံးကို ထုတ်လုပ်ဖြန့်ချီပါတယ်။ ကမ္ဘာကျော် ဖက်ရှင် show တွေမှာလည်း မိတ်ကပ်နဲ့ ဆံပင်အတွက် အဓိက main sponsor အဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။

(၂) MAC

MAC ဆိုတာ ပျိုမေတိုင်းရဲ့ အိမ်မက်တစ်ခုပါပဲနော်။ MAC က အရည်အသွေးကောင်မွန်မှုကြောင့် အနုပညာရှင်၊ မိတ်ကပ်ပညာရှင်တွေရဲ့ ထောက်ခံချက်တွေ အပြည့်အဝရရှိထားပါတယ်။

(၃) Clinique

Clinique လို့ ကြားလိုက်တာနဲ့ အရည်အသွေးကောင်းတဲ့ brand တစ်ခုအနေနဲ့ ပြေးမြင်မိတယ်မို့လား။ ဟုတ်ပါတယ်။ Clinique က ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေဟာ ထိရောက်နိုင်စွမ်းမြန်ဆန်တာကြောင့် အမျိုးသမီးထုအကြားမှာ ရေပန်းစားတဲ့ brand တစ်ခုအဖြစ် ရပ်တည်နေပါတယ်။

(၄) Lancôme

Lancôme ကိုလည်း ပျိုမေတို့ သတိထားမိမှာပါ။ အသားအရေထိန်းသိမ်းဖို့အတွက် လျင်မြန်တဲ့ effect တွေ ပေးနိုင်တာကလည်း သူရဲ့ အားသာချက်တစ်ခုပါ။ ဒီအားသာချက်ကြောင့်ပဲ နာမည်ကျော် brand တစ်ခုအဖြစ် တည်ရှိနေတာပါ။

(၅) Neutrogena

Neutrogena လို့ ကြားလိုက်ရင် ပျိုမေတို့ ဘာကို အရင်ပြေးမြင်မိလဲ။ USA ရဲ့ နာမည်ကျော် brand တစ်ခုအနေနဲ့ အများဆုံးပြေးမြင်ကြပါတယ်။ တကယ်တမ်းတော့ Neutrogena က USA မှာပဲ အောင်မြင်ကျော်ကြားတာ မဟုတ်ပါဘူး။ ကမ္ဘာမှာ အနှစ်သက်ဆုံးများတဲ့ brand တစ်ခုပါ။ Moisturizers ၊ anti-aging serums  တွေက Neutrogena ရဲ့ နာမည်အကျော်ကြားဆုံး ထုတ်ကုန်တွေပါ။

(၆) Nivea

Nivea ကိုတော့ အထူးတလည် မိတ်က်ပေးစရာမလိုပါဘူးနော်။ ပျိုမေတို့ ငယ်ငယ်လေးကတည်းက မှန်မှန်သုံးစွဲလာတဲ့ brand တစ်ခုပါပဲ။

(၇) Avon

Avon ကတော့ USA မှာ အရောင်းရဆုံး brand တစ်ခုပါ။ ဈေးကွက် စစ်တမ်းတွေအရ ကမ္ဘာတစ်လွှား အမျိုးသမီးခြောက်သန်းကျော်က ဒီ Avon ကထုတ်တဲ့ makeup နဲ့ skincare ပစ္စည်းတွေကို အသုံးပြုနေတယ်လို့ သိရပါတယ်။

(၈) Dove

Dove လို့ ဆိုလိုက်တာနဲ့ ဘာကိုပြေးမြင်ကြလဲ။ အရည်အသွေးကောင်းတဲ့ ခေါင်းလျှော်ရည်လို့ ပြေးမြင်မှာပေါ့နော်။ တကယ်တော့ Dove ကခေါင်းလျှော်ရည် တစ်မျိုးတည်း ထုတ်ထားတာမဟုတ်ပါဘူး။ Skin care ပစ္စည်းတွေ၊ ခေါင်းလျှော်ရည်အပြင် ဆံပင်နဲ့ပတ်သက်တဲ့ ထုတ်ကုန်အသစ်တွေကိုလည်း ထုတ်လုပ်ဖြန့်ချီပါတယ်။

(၉) Revlon

Revlon ကတော့ ပျိုမေတို့ရဲ့ ပါးစပ်ဖျားမှာရော အလှပြင်ခုံပေါ်မှာပါ အမြဲရှိနေတဲ့ brand တစ်ခုပါ။

(၁၀) Olay

Olay ကလည်း ပျိုမေတို့နဲ့ ရင်းနှီးပြီးသား အလှပစ္စည်းတစ်ခုပါ။ Olay ရဲ့ အားသာချက်က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်တာပါ။

ပျိုမေတို့ရဲ့ အလှပြင်ခုံပေါ်မှာ ဒီနာမည်ကျော် brand ဘယ်နှစ်မျိုးရှိနေတယ်ဆိုတာ ပြောပြပေးသွားပါဦးနော်။

Photo and Ref: https://beautisecrets.com/most-popular-cosmetic-brands-in-world

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password