၂၀၁၈ မှာ ခေတ်စားလာနိုင်တဲ့ နှုတ်ခမ်းနီ trend တွေအကြောင်း

ပျိုတို့ရဲ့ မိတ်ကပ်အိတ်ထဲက မရှိလို့မဖြစ်တဲ့ပစ္စည်းတွေထဲမှာ နှုတ်ခမ်းနီလေးတွေက နံပါတ်၁ မဟုတ်ရင်တောင် ထိပ်ပိုင်းမှာရှိနေမယ်ဆိုတာတော့ မလွဲပါဘူး။ ဒါကြောင့် မရှိမဖြစ်နှုတ်ခမ်းနီလေးတွေ ဒီ၂၀၁၈မှာ ဘယ်လိုပုံစံလေးတွေ အရောင်လေးတွေနဲ့ ခေတ်စားလာမလဲဆိုတာလေ့လာကြည့်ကြရအောင်လားနော်။

        

Glass Lip

ရွှန်းစိုပြီးလက်နေတဲ့ နှုတ်ခမ်းပုံစံလေးတွေက ဒီ၂၀၁၈မှာခေတ်စားလာနိုင်တဲ့ trendတွေထဲကတစ်ခုပါ။ ဒီ glass lip look ကို Fenty beautyရဲ့ ပဲ့ကိုင်ရှင် Rihannaကသူ့ရဲ့ Fenty x Puma 2018 Spring Showမှာပါတဲ့ မော်ဒယ်တွေကို ဆိုးပေးထားတာလည်းတွေ့နိုင်ပါသေးတယ်။ သူ့ရဲ့ Fenty beauty collection lineထဲက တစ်ခုဖြစ်တဲ့ ပန်းရောင်သန်းတဲ့ nude အရောင်ကိုမှ sheabutter နဲ့ ရွှေရောင်အလက်လေးတွေမသိမသာရောထားတဲ့ Gloss Bomb နဲ့ ဖန်တီးပေးထားတာပဲဖြစ်လို့ ဒီ Glass Lip lookကိုကြိုက်တဲ့ပျိုတို့အနေနဲ့လည်း အလွယ်တကူပြန်ဖန်တီးကြည့်လို့ရပါတယ်နော်။

Makeout Lips

လုံးဝတိကျပြီးရဲနီအောင်ဆိုးထားတဲ့ lipstick lookကဘယ်တော့မှမရိုးနိုင်တာတော့နမှန်ပေမယ့် သဘာဝဆန်ဆန် ပျက်လုပျက်ခင် ကပိုကရိုပုံနဲ့ လှနေတဲ့ ဒီပုံစံကတော့၂၀၁၈ရဲ့ trendတွေထဲကတစ်ခုဖြစ်လာနိုင်တယ်လို့ခန့်မှန်းကြပါတယ်။

Cupid Bow

Cupidလေးရဲ့ လေးတံလိုကွေးကွေးလေးဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံကို ဖန်တီးတဲ့ပုံစံကတော့ အရင်ကတည်းက ခေတ်စားတာဖြစ်ပေမယ့် ဒီ၂၀၁၈ရဲ့ ပုံစံလေးကတော့ နှုတ်ခမ်းအပြင်ဘက်ကို glitterတွေ၊ ကိုယ်ဆိုးထားတဲ့နှုတ်ခမ်းနီအရောင်ထက်ဖျော့တဲ့ အရောင်တွေနဲ့ hightlightဖော်ပေးတဲ့ ပုံစံလေးပါ။ ပျိုတို့အနေနဲ့ဒီ lookလေးကိုဖန်တီးကြည့်ချင်တယ်ဆိုရင်တော့ liquid liplinerလေးကို အသုံးပြုပြီး အလွယ်တကူဖန်တီးလို့ရပါတယ်။

Red lips

နှုတ်ခမ်းနီလို့ဆိုတဲ့အတိုင်း ရဲရဲနီတဲ့ red lips look ကဘာများထူးဆန်းလို့လဲလို့မေးချင်စရာပါ။ ဒီ red lips lookကဘာလို့ trend အသစ်ဖြစ်ရလဲဆိုတာကတော့ အရင်ကလို နှုတ်ခမ်းနီနီနဲ့လိုက်အောင် မိတ်ကပ်ကို ထူထူပြင်တာမျိုးမဟုတ်ဘဲ ပါးနိုင်သမျှပါးအောင်ပြင်ထားတဲ့ မိတ်ကပ်ကိုမှ နှုတ်ခမ်းနီအနီတောက်တောက်နဲ့ တွဲတဲ့ lookမို့လို့ပါ။ဒီ makeup lookကိုတော့ 2018 Spring fashion showsတွေမှာ အများဆုံးတွေ့ခဲ့ရပါသေးတယ်။

Peach color

အနီတောက်တောက်လိုပဲ ဘယ်တော့မှမရိုးနိုင်တဲ့ အရောင်ကတော့ peach colorပါ။  ဒီ peach colorကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာ eyeshadow colorနဲ့တွဲပြီးဖြစ်ဖြစ် ဒါမှမဟုတ် အရောင်တူတဲ့ ပါးနီ၊ shadowကို သုံးပြီးဖြစ်ဖြစ်ဖန်တီးကြည့်လို့ရပါတယ်။

 

ကဲ အခုဆိုရင် ၂၀၁၈ရဲ့ lipstick trendsတွေကို သိပြီဆိုတော့ပျိုတို့လည်း အိတ်ထဲကနှုတ်ခမ်းနီလေးတွေကို ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်ပြီး ၂၀၁၈မှာ အလှဆုံးဖြစ်နိုင်ကြပါစေရှင်။

 

References : www.refinery29.com, pixabay.com, pexels.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password