မျက်ကွင်းတွေညိုနေပြီဆိုရင်တော့ ဒီ mask လေး ၃ခု ကို ဖတ်ကြည့်သင့်ပြီနော်

ဒီနေ့ခေတ်မှာဆိုရင် မိုဘိုင်းဖုန်းတွေ, ကွန်ပျူတာတွေနဲ့နေ့စဉ်ထိတွေ့တာနဲ့အမျှ မျက်လုံးတွေက မျက်မှန်လေးတွေနဲ့ဖြစ်လာကြတယ်။ အမြင်တွေဝေဝါးလာကြတယ်ပေါ့နော်။  မျက်တွင်းကျတာ မျက်ကွင်းညိုတာတွေကတော့မဖြစ်ချင်ပဲ ဖြစ်လာရတဲ့နောက်ဆက်တွဲဆိုးကျိုးတွေပေါ့။ ဒါတွေက ထူးဆန်းလားဆိုတော့မထူးဆန်းပါဘူး။ မျက်ဝန်းကိုအနားမပေးပဲ အလုပ်လုပ်ရတဲ့အတွက် မျက်ဝန်းတစ်ဝိုက်က ကြွက်သားတွေအားနည်းလာမယ်။ မျက်ဝန်းသားလေးတွေကကြည်ကြည်လင်လင်မဖြစ်တော့ဘူး။ ပုံမှန်လူတွေအတွက်ကပြဿနာသိပ်မရှိပေမယ့် မိန်းကလေးတွေအတွက်ကြတော့ အလှအပရေးရာဆိုင်ရာတွေဖြစ်လာနိုင်တာပေါ့။

 

မိတ်ကပ်လိမ်းပေးမယ့်လည်း မျက်တွင်းကြီးက ညိုနေတာမျိုး, မျက်ဝန်းအရောင်မတောက်တာမျိုးတွေက လူကိုလည်း ပိုအိုသလိုထင်ရစေပါတယ်။ တက်ကြွတဲ့အသွင်ကိုလည်းမရနိုင်တော့လို့ ပင်ပန်းနွမ်းနယ်တဲ့ပုံပေါ်စေပါတယ်။ Concealer တွေ မိတ်ကပ်တွေနဲ့ဖုံးမယ်ဆိုပေမယ့်လည်း အမြဲတမ်းကြီးတော့ မလိမ်းထားနိုင်ဘူးလေ။ ဒီတော့ ဘာလေးတွေ ပြုပြင်ကြမလဲ ဆိုတာကို မင်မင်က ဒီနေ့တင်ဆက်ပေးသွားမှာပါ။ အကုန်လုံးက အိမ်တွင်းနည်းလမ်းလေးတွေပဲမို့ အလွယ်တကူလိုက်လုပ်နိုင်မှာပါ။

ပထမနည်းလမ်း

  

ကြက်ဉအကာပါ။ ကြက်ဉအကာဆိုတာကတော့ အရေပြားကိုတင်းရင်းစိုပြေစေတယ်ဆိုတာ သိပြီးတဲ့သူတွေလည်းရှိမှာပါ။ အခုလည်း အဲ့ဒီကြက်ဉအကာလေးနဲ့ မျက်ဝန်းလေးကိုပေါင်းတင်ပေးရမှာပါနော်။ ပြုလုပ်ပုံလေးကလည်း လွယ်လွယ်လေးပါ။ ကြက်ဉအကာတစ်လုံး သို့ နှစ်လုံးကို ပန်းကန်ထဲထည့်လိုက်ပြီး အမြှပ်တွေဖြစ်လာတဲ့အထိမွှေပေးပါ။ ပန်းကန်ကိုမှောက်ချလိုက်ရင်တောင်အောက်ကို ကျမသွားတဲ့အထိ မွှေပေးရမှာပါ။ စက်ရှိရင်တော့ ပိုအဆင်ပြေတာပေါ့။ ပြီးရင်တော့အဲ့ဒီမွှေထားတာတွေကို မျက်ဝန်းအောက်တစ်ဝိုက်မှာတင်ပေးလိုက်ရုံပါပဲ။ ခြောက်သွားရင် မျက်ဝန်းနားက အရေပြားကတင်းပြီးကြပ်နေပါလိမ့်မယ်။ အကုန်လုံးခြောက်သွားပြီဆိုရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ ပြီးရင်တော့ Moisturizer လေးလိမ်းပေးထားလိုက်ပါ။ တစ်ပါတ်ကို သုံးကြိမ်လောက်ပြုလုပ်ပေးလို့ရပါတယ်။

ဒုတိယနည်းလမ်း

   

နောက်တစ်နည်းကတော့ Tea bag လေးတွေပါ။ လက်ဖက်ခြောက်ထုပ်လေးတွေကိုရေနဲ့စိမ်သောက်ကြတယ်လေ။ တကယ်တော့အဲ့ဒါက မျက်ဝန်းကြည်လင်အေးမြဖို့အတွက်အရမ်းကောင်းပါတယ်။ Green tea ထုပ်လေးတွေ စံပါယ်ပန်းထုပ်လေးတွေ ဆိုင်တွေမှာအများကြီးဝယ်ယူလို့ရပါတယ်။ ရေနွေးနွေးလေးထဲကို စိမ်လိုက်ပြီးတော့ ခဏလောက်ကြာရင် ထုတ်လိုက်ပါ။ ပြီးရင်ရေခဲသေတ္တာထဲမှာအေးလာအောင်ထည့်ထားလိုက်ပါ။ မျက်ဝန်းလေးတွေပေါ်ကို ကပ်လိုက်တာနဲ့ အေးမြပြီးတော့ မျက်ဝန်းလေးတွေရဲ့ညောင်းညာနေတာတွေကိုပါ ဖြေလျှော့ပေးမှာပါ။ မျက်ဝန်းလေးကို အနှိပ်ခံနေရသလို feeling လေးပါ။ စိမ်လိုက်တဲ့ လက်ဖက်ရည်ကြမ်းလေးကိုလည်း သောက်လို့ရသေးတယ်လေ။ မိနစ် ၂၀ လောက်ထားပေးရင်လုံလောက်ပါပြီနော်။ သူလေးကိုလည်း တစ်ပါတ်ကို ၃ ကြိမ်လောက်ပြုလုပ်လို့ရပါတယ်။

တတိယနည်းလမ်း

   

နောက်ဆုံးနည်းလမ်းလေးကတော့ Cucumber လို့ခေါ်တဲ့ သခွားသီးလေးပါ။ သခွားသီးမှာရေဓါတ်တွေအများကြီးပါဝင်ပြီး အသားရေအတွက်အထောက်အကူပြုတယ်ဆိုတာတော့ အထူးတလည်ပြောနေစရာမလိုတော့ဘူးထင်ပါတယ်နော်။ အခုလည်း မျက်ဝန်းလေးကို ဝင်းလက်တောင်ပစေဖို့အတွက် သူလေးက အရေးပါလာပြန်ပြီလေ။ သခွားသီးတစ်လုံးကိုအရည်ရလာအောင်ကြိတ်စက်နဲ့ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်တွေကိုအရည်ရအောင်ယူပြီးတော့ ရေခဲသေတ္တာထဲမှာထားလိုက်ပါ။ ပြီးရင်တော့ cotton pad (ဂွမ်းနဲ့လည်းရပါတယ်) လေးနဲ့တို့ပြီးတော့လိမ်းပေးပါ။ မျက်ဝန်းပေါ်မှာကပ်ထားလည်းရပါတယ်။ မိနစ် ၂၀ လောက်ထားလိုက်ပါ။ အိပ်ပျော်သွားရင်တော့တာဝန်မယူပါဘူးနော်?

ဒီနည်းလမ်းတွေက အိမ်မှာနေရင်းအချိန်လဲ အများကြီးပေးစရာမလိုပဲလုပ်လို့ရတာမို့အဆင်ပြေပါတယ်နော်။ ပိုက်ဆံလည်းအရမ်းမကုန်လို့ကပ်စေးနဲတဲ့အချစ်တို့လည်း အဆင်ပြေပါတယ်နော်။ စတာပါနော်။ ကဲ ဒီပိတ်ရက်မှာ မျက်ဝန်းလေးတွေကို ကြည်လင်ရွှန်းစိုလာအောင် ပေါင်းတင်လိုက်ကြရအောင်။

 

<div class=”adunit” data-adunit=”cosmeticmyanmar.com-336×280-1″ data-dimensions=”336×280,728×90″ data-size-mapping=”728×90-336×280-300×250″></div>

&nbsp;

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password