တစ်နှစ်ကနေ နှစ်နှစ်ကြာအောင် သုံးလို့ရတဲ့အလှကုန် ၃ မျိုး

နေ့တိုင်းသုံးနေတဲ့အလှကုန်တွေကို ဘယ်အလှကုန်ကို အချိန်ဘယ်လောက်ကြာကြာ အသုံးပြုလို့ရမလဲဆိုတာကို သိထားရမှာပါ။ မဟုတ်ရင် သက်သန်းကုန်နေတဲ့အလှကုန်တွေကို ဆက်ပြီး အသုံးပြုမိနေတာမျိုးကတော့ အသားအရေအတွက် မကောင်းလို့ပါ။ အခု တစ်ခါ ပြောပြပေးချင်တာကတော့ တစ်နှစ်ကနေ နှစ်နှစ်လောက် ကြာတဲ့အထိ အသုံးပြုလို့ ရတဲ့ အလှကုန် ၃ မျိုး အကြောင်းပါ။ ဘာအလှကုန်တွေ ဖြစ်မလဲ ဆိုတာကို ပြောပြပေးမယ်နော်။

မျက်နှာလိမ်းပေါင်ဒါ

အလှပြင်တဲ့အချိန်မှာ နောက်ဆုံး အဆင့်အနေနဲ့ အပေါ်ဆုံးကနေ လိမ်းလိုက်ရတဲ့မျက်နှာလိမ်းတဲ့ပေါင်းဒါပါ။ ဒီပေါင်ဒါအတွက်ကတော့ ရိုးရိုး 2 ways make up ပဲ ဖြစ်ဖြစ် Loose Powder ပဲဖြစ်ဖြစ်ပါ။ Powder အမျိုးအစားတိုင်းကိုတော့ ဖွင့်ထားပြီး တစ်နှစ်ကနေ နှစ်နှစ်လောက် ကြာတဲ့အထိ အသုံးပြုလိုရပါတယ်။ ကြားထဲမှာ အနံ့ တစ်မျိုးပြောင်းသွားရင်တော့ မသုံးပါနဲ့တော့နော်။ တကယ်လို့ အနံ့ မပြောင်းတာမျိုးဆိုရင်တော့ ၂ နှစ်လောက်ကြာတဲ့အထိ အသုံးပြုလို့ရပါတယ်။ ဒီထက်တော့ ပိုပြီး အသုံးမပြုရပါဘူးနော်။

Eye Shadow

မျက်လုံး တစ်ဝိုက်ကို အလှခြယ်ဖို့ အသုံးပြုတဲ့ Eye Shadows အရောင်စုံလေးကိုလည်း တစ်နှစ်၊ တစ်နှစ်ကျေ်ကနေ နှစ်နှစ်အထိ အသုံးပြုပေးလို့ရပါတယ်။ ဒီအရာလေးတွေကတော့ အမှုန့်ပုံစံ အခြောက်တွေပဲ ဖြစ်တဲ့အတွက် နှစ်ကြာကြာ အသုံးပြုပေးလို့ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ Cream Types Eye Shadow တွေဆိုရင်တော့ ၆ လ တစ်နှစ်ထက်ပိုပြီး အသုံးမပြုပါနဲ့နော်။

ပါးနီ

ပါးနီလို့ ဆိုတဲ့နေရာမှာ အမျိုးအစားပေါင်း အများကြီး ရှိပါတယ်။ ရိုးရိုးပါးနီအမှုန်တွေကိုပဲ တစ်နှစ်ကျော် နှစ်နှစ် အထိ အသုံးပြုလို့ ရတာပါ။ Cream Types ပါးနီတွေကိုတော့ အလွန်ဆုံး တစ်နှစ်လောက်ပဲ အသုံးပြုလို့ ရတာပါ။ တကယ်လို့ အရည်ပုံစံလာတဲ့ ပါးနီမျိုးကိုတော့ ၆ လထက် ပိုပြီး အသုံးပြုလို့ မရပါဘူးနော်။ အသုံးပြုတဲ့အချိန် သတိထားရမှာ တစ်ခုကတော့ အနံ့ပြောင်းသွားလားဆိုတာကို သတိထားပေးပါနော်။ ပုံမှန်ကတော့ တစ်နှစ် နှစ်နှစ် အသုံးပြုလို့ ရတယ်လို့ ဆိုပေမယ့် တခါတလေ ရာသီဥတု အပူချိန်တွေကြောင့် အသုံးပြုလို့ မသင့်တော်တော့တာမျိုး ဖြစ်သွားတတ်တဲ့အတွက်ပါ။ နှစ်နှစ်ကျော်သွားရင်တော့ ဘယ်လောက်ပဲ ကောင်းသေးတယ် ပြောပြော ဆက်အသုံးမပြုပါနဲ့တော့နော်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password