အမည်းစက်တွေအတွက် နည်း ၃ နည်း

အသားအရေလှပခြင်းနဲ့ အမည်းစက်တွေ ဆိုတာ တိုက်ရိုက် အချိုးကျတယ်လို့ ဆိုနိုင်ပါတယ်။ အသားအရေလေးမှာ အမည်းစက်တွေ ကင်းပြီး ကြည်လင်လေလေ အသားအရေ လှတယ်လို့ ဆိုနိုင်လေလေ ဖြစ်ပြီး မျက်နှာမှာ အမည်းစက်တွေ အမာရွတ်တွေ များလေလေ အသားအရေ မလှဘူးလို့ ဆိုလို့ ရလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသားအရေလေးက ကြည်လင် လှပတယ်ဆို အဆိုခံရလေအောင် မျက်နှာမှာ ရှိတဲ့အမည်းစက်လေးတွေကို အမြန်ဆုံး ဖယ်ရှားပေးနိုင်မယ့် နည်း နှစ်နည်းကို ပြောပြပေးလိုက်ရပါတယ်နော်။

ပထမနည်း

ဒီနည်းလေးတော့ ရိုးရှင်းတဲ့နည်းလေးပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သံပုရာရည်ကို ခွက်တစ်လုံး အထဲမှာ ထည့်လိုက်ပါ။ ပြီးရင် ဝါဂွမ်းလုံးလေးနဲ့ သံပုရာရည်ကို စွတ်ပြီး မျက်နှာမှာ ရှိတဲ့အမည်းစက်လေးတွေအပေါ်မှာ လိမ်းပေးပါ။ အချိန် ၁၀ မိနစ် – ၁၅ မိနစ်လောက် ထားပြီးရင် မျက်နှာကို ပြန်လည် သန့်စင်ပေးလိုက်ပါ။ ဒီနည်းလေးကို နေ့စဉ် ပြုလုပ်ပေးနိုင်ပါတယ်။

ဒုတိယနည်း

အမည်းစက်လေးတွေ ကင်းစင်ဖို့အတွက် အာလူးကလည်း အကောင်းဆုံးပါ။ အားလူး အနေတော် ၂ လုံးကို ခြစ်နဲ့သေးသေးလေးတွေ ဖြစ်သွားအောင် ခြစ်လိုက်ပါ။ ပြီးရင် အဝတ်စလေးနဲ့ အရည်ညှစ်ပေးပါ။ ရလာတဲ့အာလူးရည်လေးတွေ အထဲမှာ သံပုရာရည် လက်ဖက်ရည်တစ်ဇွန်း၊ ပျားရည် လက်ဖက်ရည် တစ်ဇွန်း ထည့်ပြီး ရောမွှေလိုက်ပါ။ ရလာတဲ့အရည်ကို ဝါဂွမ်းလုံးလေး သုံးပြီး အမည်းစက်လေးတွေ အပေါ်မှာ လိမ်းပေးပါ။ အချိန် မိနစ် ၂၀ လောက် ထားပြီးရင် မျက်နှာ ပြန်သန့်စင်ပေးလိုက်ပါ။

တတိယနည်း

တကယ်လို့ အာလူးရည် ညှစ်ယူရတာကို အလုပ်ရှုပ်တယ်။ အချိန်ကြာလို့ မပြုလုပ်ချင်ဘူး ဆိုရင်တော့ အာလူးကို ပါးပါးလေးလှီးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲ အချိန် ၁၀ မိနစ်လောက် ခဏလေး အေးသွားအောင် ထည့်ထားပေးပါ။ မျက်နှာမှာ ရှိတဲ့အမည်းစက်လေးတွေ အပေါ်မှာ အေးနေတဲ့အာလူးပြားလေးတွေ ကပ်ပေးပါ။ မျက်နှာမှာ ကပ်ထားတဲ့အာလူးတွေက အချိန် ၁၀ မိနစ်နေရင် မည်းပြီး ခြောက်လာပါတယ်။ ဒီလို အချိန်မှာ အာလူးတွေကို ခွါပြီး မျက်နှာပြန်သစ်ပေးပါ။

အခု ပြောပြပေးတဲ့နည်းလမ်းတွေ အထဲက နှစ်သက်တဲ့နည်း တစ်နည်းကို ရွေးချယ်ပြီး နေ့တိုင်း အချိန်မှန်မှန် ပြုလုပ်ပေးမယ်ဆိုရင်တော့ အမည်းစက်လေးတွေက တစ်ပတ်လောက် အတွင်းမှာတင် အရောင်မှိန်လာမှာပဲ ဖြစ်ပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password