အမည်းစက်တွေကို ဗီတာမင်အီး သုံးပြီး ပျောက်ကင်းအောင် ပြုလုပ်လို့ရမယ့်နည်း ၃ နည်း

မျက်နှာဆိုတာကတော့ သိပ်ကို နူးညံ့တဲ့အပိုင်းပဲ ဖြစ်ပြီး အထိခိုက်မခံတာကိုတော့ သတိထားပေးရမှာပါ။ မျက်နှာမှာ ဝက်ခြံတွေ ဖြစ်ပေါ်လာတာကို မသန့်တဲ့လက်နဲ့ သွားကိုင်မိတာကြောင့် အမာရွတ်တွေ အမည်းစက်တွေ ဖြစ်ပြီး ကျန်နေခဲ့တတ်ပါတယ်။ ဒီအတွက်ကတော့ ဗီတာမင် အီးကို သုံးပြီး ပျောက်ကင်းအောင် ပြုလုပ်လို့ ရမယ့်နည်း ၃ နည်းကို ပြောပြပေးချင်ပါတယ်။

ပထမနည်း

ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလေးပဲ ဖြစ်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာအပေါ်မှာ ဗီတာမင် အီးကို ဒီတိုင်း လိမ်းပေးလိုက်ရုံပါပဲ။ အကောင်းဆုံး လိမ်းဖို့ အချိန်ကတော့ ညအိပ်ယာဝင်ခါနီး မျက်နှာကို သေချာသန့်စင်ပေးပြီး ဗီတာမင် အီး လိမ်းပြီး အိပ်စက်ပေးတာက မနက်နိုးတဲ့အချိန်မှာ အသားအရေလေးကို တင်းရင်းစေသလို ဝက်ခြံကြောင့် ဖြစ်ပေါ်လာတဲ့အမာရွတ်တွေ၊ အမည်းစက်တွေကိုလည်း အရောင်မှိန်သွားစေနိုင်ပါတယ်ည။

ဒုတိယနည်း

ဗီတာမင် အီးကို သူ့ တစ်မျိုးတည်းလည်း အသုံးပြုလို့ ရသလို ပိုမို အကျိုးထိရောက်ဖို့အတွက် တခြားအရာလေးတွေနဲ့ ပေါင်းစပ်ပြီးလည်း အသုံးပြုပေးလို့ရပါတယ်။ ဒုတိယနည်းလေးအတွက်ဆိုရင် ဗီတာမင် အီး လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို ရှားစောင်းလက်ပပ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောစပ်လိုက်ပါ။ သန့်စင်ထားတဲ့မျက်နှာအပေါ်မှာ လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီး လိမ်းပေးပါ။ လိမ်းတဲ့အချိန်မှာလည်း အဆီတွေ အသားအရေထဲ စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ နာရီဝက်လောက် အချိန်ပေးပြီးရင်တော့ ရေခဲရေ အေးအေးလေးကို သုံးပြီး မျက်နှာပြန်သစ်ပေးပါ။ ရေခဲရေကို အသုံးပြုပေးတာကတော့ ကျယ်နေတဲ့ချွေးပေါက်လေးတွေကို ကျယ်သွားစေနိုင်သလို အသားအရေကိုလည်း ပိုမိုကြည်လင်သွားစေနိုင်တဲ့အတွက် မို့လို့ပါ။

တတိယနည်း

ဗီတာမင် အီး လက်ဖက်ရည်ဇွန်း တစ်ဝက်ကို အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ရောပြီး အမည်းစက်လေးတွေ အပေါ်မှာ လိမ်းပေးပါ။ လိမ်းပေးတဲ့အချိန်မှာလည်း အသားအရေထဲ စိမ့်ဝင်သွားအောင်လို့ ပွတ်ပြီး လိမ်းပေးပါ။ အချိန် ၁၀ – ၁၅ မိနစ်လောက် ထားပြီးရင်တော့ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ ပြန်လည် သန့်စင်ပေးပါ။

အခု ပြောပြပေးတဲ့နည်းလေးတွေကို နေ့တိုင်း မှန်မှန် ပြုလုပ်ပေးမယ် ဆိုရင်တော့ တစ်ပတ်လောက်အတွင်းမှာတင် အမည်းစက်တွေ၊ အမာရွတ်တွေက အရောင်မှိုန်သွားမှာပဲ ဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password