ချစ်စရာကောင်းတဲ့ Korean Style Look လေးကို ဖန်တီးပေးမယ့် 3CE – Blushed Kit

ပျိုမေတို့ရေ ဒီတစ်​ခေါက်မှာ Set လေးတစ်ခုတည်းနဲ့ ကိုရီးယားစတိုင်လ် လှပတဲ့ မိတ်ကပ်အပြင်အဆင်ကို ဖန်တီးနိုင်မယ့် Set လေးတစ်ခုအကြောင်း ပြောပြပေးပါမယ်နော်။ ဒီ Set လေးကို ကိုရီးယားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ 3CE အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတာဖြစ်ပြီးတော့ Set လေးရဲ့ အမည်ကတော့ Blushed Kit လို့ ခေါ်ပါတယ်။

ဒီ Set လေးထဲမှာ ပါဝင်တဲ့ products လေးများကတော့ 3CE DUO Color Face Blush, 3CE Matte Lip Crayon နဲ့ 3CE Creamy Waterproof Eyeliner တို့ပဲဖြစ်ပါတယ်။ မိတ်ကပ်ပြင်ဆင်ရာမှာ အဓိကနေရာတွေဖြစ်တဲ့ ပါးပြင်၊ နှုတ်ခမ်းနဲ့ မျက်လုံးတို့မှာ ခြယ်သရတဲ့ ပစ္စည်းများဖြစ်တာကြောင့် တခြား products တွေ သိပ်အသုံးပြုဖို့မလိုဘဲ ဒီ Set ကလေးတစ်မျိုးတည်းနဲ့ အတော်လေး အဆင်ပြေစေမှာပါ။

ဒီတော့ ဒီ Set လေးမှာ ပါဝင်တဲ့ products လေးတွေအကြောင်း ဆက်ပြီးပြောပြပေးပါမယ်။ ပထမဆုံးတစ်ခုဖြစ်တဲ့ 3CE DUO Color Face Blush လေးက တစ်ဘူးထဲမှာကိုပဲ အရောင်နှစ်ရောင် ပါဝင်တာကို တွေ့မြင်ရမှာပါ။ တစ်မျိုးချင်းစီ အသုံးပြုလည်းရသလို ပေါင်းစပ်ခြယ်သလို့လည်း အဆင်ပြေစေပါတယ်။ နှစ်ရောင်စလုံးဟာ ပန်းရောင်ဘက်သန်းတဲ့ မိန်းကလေးဆန်တဲ့ အရောင်တွေဖြစ်ပြီးတော့ တစ်နေကုန်မပျက်စေဘဲ ပါးပြင်ထက်မှာ ပန်းနုထွေးလှပတဲ့ Look လေးကို ဖန်တီးပေးမှာပါ။

ဒုတိယ product ဖြစ်တဲ့ 3CE Matte Lip Crayon လေးကတော့ နှုတ်ခမ်းသားလေးများကို ပန်းနုရောင်သန်း ဖူးငုံလှပတဲ့ Look လေးကို ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။ Matte Type အမျိုးအစားဖြစ်ပြီးတော့ နှုတ်ခမ်းသားများအပေါ် ဆွဲရာမှာ ထစ်ငေါ့ခြင်းမဖြစ်စေဘဲ ချောမွေ့တဲ့အထိအတွေ့ကို ခံစားရနိုင်စေပါတယ်။ နှုတ်ခမ်းများကို ခြောက်ကပ်ကပ်ကြီးမဖြစ်စေဘဲ အဆီရွှဲရွှဲမျိုးလည်း ဖြစ်နေစေမှာမဟုတ်လို့ ပျိုမေတို့ အကြိုက်တွေ့စေမှာပါ။

နောက်ဆုံး product ဖြစ်တဲ့ 3CE Creamy Waterproof Eyeliner လေးကတော့ waterproof ဖြစ်တဲ့အတွက် ရေစိုခံနိုင်ပါတယ်။ မျက်လုံးလေးများကို ခြယ်သရာမှာ အထစ်အငေါ့မရှိစေဘဲ ဆွဲရချောမွေ့ လွယ်ကူစေပါတယ်။ တစ်နေကုန် ကြာရှည်ခံတဲ့ အစွမ်းသတ္တိရှိပြီး လှပတဲ့မျက်ဝန်းလေးများကို ပိုင်ဆိုင်နိုင်စေမှာပါ။

ကဲ ဒီတော့ … ဒီလို ပြီးပြည့်စုံတဲ့ 3CE ရဲ့ Blushed Kit လေးသုံးပြီး ချစ်စရာကောင်းတဲ့ Korean Style Look လေးကို ပြင်ဆင်ကြပါစို့နော်။

 

 

 

 

Image Source – www.3concepteyesinthai.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password