Concealer အရောင် (၅) မျိုးရဲ့ အသုံးပြုနည်းလေးများ

မိန်းကလေးတွေ မိတ်ကပ်ပြင်ဆင်တဲ့အချိန်မှာ Concealer ကို အသုံးပြုကျပါတယ်။ Concealer ကို ဘာကြောင့် အသုံးပြုကျသလဲ ဆိုတာအတွက်ကတော့ အသားအရေ အပေါ်မှာ ရှိတဲ့အမည်းစက်၊ အမာရွတ်တွေကို ပျောက်စေချင်တဲ့အပေါ်မှာလိုက်ပြီး Concealer အရောင်ကို ရွေးချယ် အသုံးပြုပေးရမှာပါ။ အကြမ်းဖျင်းအားဖြင့် Concealer အရောင် (၅) ရောင် ရှိပါတယ်။ ဘယ်အရောင်ကို ဘာအတွက် အသုံးပြုပေးရမလဲ ဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

(၁) အဝါရောင်


အသားအရေ အပေါ်မှာ ခရမ်းရောင်နဲ့ အနီရောင် မရင့်တရင့် ဖြစ်နေတဲ့နေရာတွေကို ဖုံးဖို့ အတွက်ဆိုရင်တော့ အဝါရောင် Concealer ကို ရွေးချယ်လိုက်ပါ။

(၂) အစိမ်းရောင်


ပျက်စီးနေတဲ့အသားအရေနေရာတွေနဲ့ အနီရောင် ရင့်နေတဲ့ဝက်ခြံတွေကို ဖုံးချင်တဲ့အချိန်မှာတော့ အစိမ်းရောင်က အထိရောက်ဆုံးပဲ ဖြစ်ပါတယ်။ ဝက်ခြံတွေ အထဲမှာမှ မှည့်ခါနီး ဖြစ်တဲ့ ဝက်ခြံနီနီတွေ အတွက်ဆိုရင် အစိမ်းရောင်က အကောင်းဆုံးပါ။

(၃) ပန်းရောင်


အသားဖြူတဲ့သူတွေရဲ့ အသားအရေဆိုတာကတော့ ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမည်းစက်တွေ၊ အမာရွတ်တွေက ထင်းကနဲနေအောင် သိသာနေတတ်ပါတယ်။ အောက်ခံ အသားက ဖြူတဲ့အတွက် အမည်းစက် သေးသေးလေး ဆိုရင်တောင် သိသာနေတာမျိုးပါ။ ဒီလိုအရာတွေကို ဖုံးဖို့ ဆိုရင်တော့ အပန်းရောင် Concealer ကို ရွေးချယ်လိုက်ပါ။

(၄) ခရမ်းရောင်


အသားဖြူတဲ့သူတွေရဲ့ အားနည်းချက်ကတော့ အထအခိုက် မခံတာလို့ ဆိုရမှာပါ။ တစ်ခုခု ဆိုရင် အောင်ခံ အသားက ဖြူတဲ့အတွက် သိသိသာသာလေး ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အသားဖြူတဲ့သူတွေ မျက်နှာမှာ အဝါရောင်လိုလို ဖြစ်နေတာအတွက်ကိုတော့ ခရမ်းရောင် Concealer ကို အသုံးပြုပြီး ဖုံးလိုက်လို့ ရပါတယ်နော်။

(၅) မက်မွန်ရောင်


ဒီမက်မွန်ရောင်ကတော့ အသားဖြူတဲ့သူတွေ မျက်ကွင်းညိုတဲ့အချိန်မှာ ဖုံးအုပ်လိုက်ဖို့ အကောင်းဆုံး အရောင်ပဲ ဖြစ်ပါတယ်။ အသားညိုတဲ့သူနဲ့ အသားဝါတဲ့သူတွေ မျက်ကွင်းညိုတာ အတွက်ကတော့ လိမ္မော်ရောင် Concealer ကို အသုံးပြုပေးရမှာပါ။

အခု ပြောပြပေးထားတဲ့အရောင် (၅) ရောင်ကို သိထားပေးပြီး ဘယ်အရောင်ကို ဘာအတွက် အသုံးပြုလိုက်မလဲဆိုတာကို အကောင်းဆုံးရွေးချယ်လိုက်ပြီး ပြီးပြည့်စုံတဲ့ မိတ်ကပ်ပြင်ဆင်မှုမျိုးကို ရယူလိုက်ပါနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password