မျက်နှာအသားအရေလေး ကြည်လင်စေဖို့အတွက် အိမ်တွင်းနည်လမ်းကောင်းလေး

အလှအပ မကြိုက်တဲ့ မိန်းကလေးဆိုတာ မရှိပါဘူး။ အခုခေတ်ကြီးမှာ ယောကျာ်းလေးတွေတောင် အလှပြင်ကျပါတယ်။ ဒါပေမဲ့ မိတ်ကပ်တွေနဲ့ ထိပါများရင်တော့ ကိုယ့်ရဲ့ နဂိုအသားအရေလေးတွေက မွဲခြောက်လာတတ်ပါတယ်။

ဒီလို မွဲခြောက်လာတဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းကြမလဲ။ အခု ပြောပြမှာကတော့ အိမ်တွင်းမီးဖိုချောင်မှာ ရှိတဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီး အသားအရေကို ထိန်းသိမ်းလို့ရတဲ့ နည်းလမ်းလေးပါ။
ပါဝင်ပစ္စည်းတွေကတော့ ပင်ပွားစေ့လေးတွေနဲ့ ပျားရည်ပါ။ အရင်ဦးဆုံး ပင်ပွားစေ့လေးတွေကို ရေစိမ်လိုက်ပါ။ ပြီးသွားပြီဆိုရင်တော့ ရေစစ်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပြီးရောမွှေလိုက်ယုံပါဘဲ။

ဒီလိုရောသမမွှေထားတာကို မျက်ခုံး၊ မျက်လုံး၊ ပြီးတော့ နှုတ်ခမ်းတစ်ဝိုက်ကို ဖယ်ပြီးလိမ်းပေးပါ။ ဆယ့်ငါးမိနစ် ဒါမှမဟုတ် မိနစ်နှစ်ဆယ်လောက် ထားပြီးသွားပြီဆိုရင်တော့ မျက်နှာပေါ်က ပင်ပွားစေ့လေးတွေကို သဘက်ကလေးနဲ့ သုတ်ပြီး ဖယ်ရှားပေးလိုက်ပါ။  ပြီးရင်တော့ အရမ်းလည်း မအေး အရမ်းလည်း မနွေးတဲ့ ရေလေးနဲ့ ပြန်သစ်ပေးလိုက်ပါနော်။ တကယ်လို့ မျက်နှာသစ် ဆပ်ပြာတွေဘာတွေနဲ့ ပြန်သစ်ချင်လည်း အဆင်ပြေပါတယ်။ ပြီးရင်တော့ Moisturizer လေး ပြန်လိမ်းပေးလိုက်ပါ။

ဒီလို နည်းလမ်းလေးကို တစ်ပတ်တစ်ခါလောက် ပုံမှန်လေး လုပ်ပေးသွားမယ်ဆိုရင်တော့ သူများတွေ နေရောင်ထဲ ထွက်မှ glow ရတဲ့ အချိန်မှာ ကိုယ်က သဘာဝအတိုင်း glow နေနိုင်မှာနော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password