သင်္ကြန်ရေသဘင်ပွဲဆင်နွှဲမယ့် ချစ်တို့အတွက်နေမင်းကြီးကို အပြုံးမပျက်အံတုစေနိုင်မယ့် sunscreen လေးများအကြောင်း

မကြာမီအချိန်မှာ အတာသင်္ကြန်ရေသဘင်ပွဲတော်ကြီးကိုရောက်ရှိလာတော့မယ်နော်။  တန်ခူးနွေရဲ့ အပူရှိန်ပြင်းပြင်းအောက်မှာ ရေကစားကြမယ့် ပျိုမေတို့အတွက်  နေရောင်ခြည်ဒဏ်မှကာကွယ်နိုင်စေမယ့်  sunscreen များအကြောင်းကို တင်ဆက်လိုက်ပါတယ်။

sunscreen  ဘာကြောင့်လိမ်းသင့်တာလဲ?

နေရောင်ခြည်မှာပါတဲ့ UV rays တွေက အသားအရေအတွင်းပိုင်းအလွှာထိ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အရေပြားပေါ်မှာ တင်းတိတ်၊ မှဲ့ခြောက်၊ နေလောင်ကွက် စတဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးတွေမဖြစ်ရအောင် နေရောင်ကာခရင်မ်ကို အပြင်သွားတဲ့ အခါတိုင်းလိမ်းပေးသင့်ပါတယ်။ sunscreen လိမ်းထားခြင်းအားဖြင့် နေရောင်ကိုအလွှာတစ်ထပ်ကာပေးထားသလိုဖြစ်စေပါတယ်။

ဘယ်လိုအမျိုးအစားတွေရှိလဲ?

စျေးကွက်မှာ ပုံစံအမျိုးမျိုး formula အမျိုးမျိုး နဲ့ ရောင်းချလျက်ရှိပါတယ်။ Cream, Gel, Lotion, Stick, Spray type စတဲ့ ပုံစံမျိုးစုံကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒီထဲကမှ  Lotion type နဲ့ Gel type ကတော့ လူသိများတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ suncreeen  ရွေးချယ်ရာမှာလည်း skin care ရွေးချယ်ရသလိုပဲ အသားအရေပေါ်မူတည်ပြီး ရွေးချယ်ရပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေက cream , lotion  type တွေကို အဓိကထားရွေးချယ်ပေးပါ။ အဆီပါဝင်တော့ အသားအရေကိုစိုပြေစေပါတယ်။ အဆီပြန်တတ်တဲ့ သူတွေကတော့ gel, spray လို အဆီပါဝင်မှုနည်းတဲ့ ပုံစံမျိုးတွေကို သုံးလို့ရပါတယ်။ အခုနောက်ပိုင်းမှာ moisturizing sunscreens လိုမျိုး moisturizer ထဲမှာ SPF ထည့်သွင်းထားတာမျိုးပါ။ အဆင့်ဆင့်မလိမ်းချင်တဲ့ သူတွေအတွက် တော့အိုကေမှာစိုပြေ။ Spray type တွေကြတော့ ခရီးသွားရင်ဖြစ်ဖြစ် အြပင်သွားရင်အိတ်ဆောင်သယ်သွားတာမျိုးက အဆင်ပြေပါတယ်။ ထုတ်ဖြန်းလိုက်ရုံပဲ။

ဘယ်လိုဟာမျိုးကအကောင်းဆုံးလဲ?

Sunscreen ဘူးတွေတိုင်းမှာ Sun Protection Factor SPF ဆိုတာကို ရေးသားထားပါတယ်။SPF အနဲဆုံး ၃၀ နဲ့ များတာကတော့ ပိုကောင်းမွန်ပြီး ၁၅ လောက်ဆိုရင် အနဲဆုံးရှိသင့်တဲ့ ပမာဏပေါ့နော်။ UVA နဲ့UVB နှစ်ခုလုံးကာကွယ်ပေးနိုင်တယ်လို့ ရေးထားတာကိုဝယ်ယူပါ။ Water resistant  ပါဝင်တာတွေက ကမ်းခြေသွားမယ့်လူတွေ အခုလိုသင်္ကြန်ပွဲဆင်နွှဲမယ့် ချစ်တို့အတွက် အဆင်ပြေပြီးချွေးထွက်များတဲ့ သူတွေလည်းအသုံးဝင်ပါတယ်။ သို့ပေမယ့် ၂ နာရီခြားတစ်ခါပြန်လိမ်းပေးဖို့မမေ့ပါနဲ့နော်။

ဘယ်လိုလိမ်းရမလဲ?

ပထမဆုံး အသုံးမပြုခင် အရင်ဘူးကို လှုပ်ပေးပါ။

လုံလောက်မယ့်ပမာဏကိုလက်ဖဝါးထဲထည့်ပြီး နေရောင်ထိတတ်တဲ့နေရာတွေဥပမာ နားရွက်၊ ပုခုံး၊ ခြေထောက်နဲ့ လက်တွေကိုလိမ်းပေးရပါမယ်။

မျက်နှာကိုလိမ်းရင်တော့ မျက်လုံးတစ်ဝိုက်ကိုရှောင်ပြီး ကျန်တဲ့နေရာတွေကိုလိမ်းပေးပါ။ အဆီပြန်တတ်တဲ့သူတွေက T zone လို့ခေါ်တဲ့ နဖူး၊နှာခေါင်း၊ မေးစေ့ နေရာတွေကိုခပ်ပါးပါးပဲလိမ်းပေးပါ။ sunscreen ကိုများများလိမ်းတိုင်း နေရောင်ကို ပိုမိုကာကွယ်နိုင်တာမဟုတ်ပါဘူးနော်။ လုံလောက်တဲ့ပမာဏကို မိမိလိမ်းချင်တဲ့နေရာအနှံ့ကိုစိမ့်ဝင်အောင်လိမ်းပေးပြီး ၂ နာရီကြားတစ်ခါပြန်လိမ်းပေးဖို့လည်းလိုအပ်ပါတယ်။

ဒီလောက်ဆိုရင်တော့ မိမိနဲ့ အဆင်ပြေတဲ့ sunscreen ကိုဘယ်လိုရွေးချယ်ရမလဲဆိုတာ သိလောက်ပြီပေါ့နော်။ ပျိုမေတို့ဒီထက်ပိုလှစေချင်တဲ့ဆန္ဒနဲ့ ရေးသားလိုက်ရပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password