အဆီပြန်ခြင်း ကင်းစင်ပြီး ဝက်ခြံ မရှိတဲ့ မျက်နှာလေး ဖြစ်ဖို့………..

ဝက်ခြံတွေတင် မကဘဲ ဝက်ခြံပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေ ကင်းစင်တဲ့ မျက်နှာလေးကို ပျိုမေတိုင်း လိုချင်ကြမှာပါ။ ဒီလို အဆီပြန်တာကင်းစင်ပြီး ဝက်ခြံ မရှိတဲ့ မျက်နှာလေး ဖြစ်ဖို့ ညအိပ်ခါနီးတိုင်း ပြုလုပ်ပေးရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ အဆီပြန်ပြီး ဝက်ခြံတွေပေါက်နေမယ် ဆိုရင် မျက်နှာမှာ မိတ်ကပ်လိမ်းရင်လည်း မိတ်ကပ်သားတွေက မညီညာဘဲ ဖြစ်နေတတ်လို့ပါ။ အခုပြောပြပေးမယ့် သဘာဝအလှကို ဖြစ်ပေါ်စေမယ့် အချက်လေးတွေကို လိုက်လုပ်ပေးပြီး ကြည်လင်ဝင်းပတဲ့မျက်နှာလေးကို ရယူလိုက်ပါနော်။

မျက်နှာကို တစ်နေ့ ၂ ကြိမ် ပုံမှန် သစ်ပေးပါ။

မနက် အိမ်ယာ ထထချင်း တစ်ကြိမ်နဲ့ ညအိပ်ယာ မဝင်ခင် တစ်ကြိမ် မျက်နှာ သစ်ပေးပါ။ မျက်နှာကို အကြိမ် အရေ အတွက် များများ သစ်ပေးတာကလည်း အပေါ်ယံ အရေပြားကို ခြောက်သွေ့စေနိုင်တဲ့အတွက် တစ်နေ့ ၂ ကြိမ်ထက် ပိုမသစ်ပေးပါနဲ့။ တစ်နေကုန် မျက်နှာမှာ မိတ်ကပ်တွေ ချွေးတွေ ဖုန်တွေ ကပ်နေတဲ့ အတွက်လည်း ညမအိပ်ခင် မျက်နှာကို သေချာ သစ်ပြီးမှ အိပ်ဖို့လည်း အရေးကြီးပါတယ်နော်။ မျက်နှာ မသစ်ဘဲ အိပ်လိုက်ရင် အညစ်အကြေးတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေတဲ့အတွက် ဝက်ခြံတွေကို ဖြစ်ပေါ်လာစေနိုင်သလို အသားအရေတွေကိုလည်း မိတ်ကပ်ဒဏ်ကြောင့် ပျက်ဆီးစေနိုင်ပါသေးတယ်။

မျက်နှာ သစ်ပြီးရင် မျက်နှာလိမ်းခရင် တစ်ခုခု လိမ်းပေးပါ။

မနက်ခင်း မျက်နှာ သစ်ပြီးတဲ့ အချိန်တွေမှာလည်း တကယ်လို့ အပြင်သွားစရာမရှိလို့ မိတ်ကပ် မလိမ်းရင်တောင်မှ Day Cream တစ်ခုခု လိမ်းပေးပါ။ မျက်နှာပြောင်ကြီး မနေပါနဲ့။ ညအိပ်ခါနီးဆိုရင်လညး် ဒီအတိုင်းပါပဲ။ ညအချိန် ဆိုတာကတော့ ဆဲလ် အသစ်တွေ မွေးဖွားတဲ့ အချိန်မို့လို့ ပိုမို ဂရုစိုက်ပေးရမှာပါ။ မျက်နှာမှာ ရှိတဲ့ခွေးျပေါက်လေးတွေကနေ အောက်စီဂျင်ကို ကောင်းကောင်း ရှုနိုင်စေဖို့ အသားအရေကို သန့်စင်ပေးထားမှ ဖြစ်မှာပါ။ မျက်နှာသစ်ပြီးတဲ့ အချိန်မှာတော့ Night Cream ကို လိမ်းပြီး အိပ်ပေးတာကတော့ ညအချိန် ဆဲလ်တွေ ပြောင်းလဲတာကို အထောက်အကူ ပြုတဲ့အတွက် မနက်ခင်း အိပ်ယာနိုးတဲ့အချိန်မှာ အသားအရေကို ကြည်လင်တောက်ပနေစေနိုင်ပါတယ်။

မျက်နှာလေးကို အစိုဓါတ်ထိန်းထားပေးနိုင်ပြီး သန့်စင်နေအောင် ထားနိုင်မယ်ဆိုရင်တော့ ဝက်ခြံတွေကင်းတဲ့ ချောမွေ့နေတဲ့ မျက်နှာ ကြည်ကြည်လေးကို ပိုင်ဆိုင်ခွင့်ရမှာ သေချာသလို အဆီပြန်ခြင်းလည်း ကင်းနေမှာပါနော်။ အခု ပြောပြပေးတဲ့ အချက်လေး ၂ ချက်ကို မှန်မှန်ပြုလုပ်ပေးပြီး ကြည်လင်တဲ့မျက်နှာလေးကို ရယူလိုက်ပါနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password