နေရောင်ခြည်ကနေ ရရှိနိုင်မယ့် ကောင်းကျိုးများ

နေရောင်ခြည်ဆိုတာက သဘာဝကပေးတဲ့ ကောင်းကျိုးတွေ အများကြီး ပြည့်နေတဲ့ အရာလို့ ဆိုနိုင်ပါတယ်။ နေ့စဉ်  နေရောင်ခြည်ကို ခံယူပေးတာကနေ ဘာကောင်းကျိုးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ တစ်ခုသတိထားရမှာက နေရောင်ခြည်ဆိုတဲ့အချိန်မှာ မနက်ခင်း ၁၀ ကနေ ညနေ နာရီ အတွင်းကျရောက်တဲ့ နေရောင်ခြည် မဟုတ်ပါဘူးနော်။ မနက်ခင်း နေထွက်စ အချိန်က နေရောင်ခြည်တွေက အထိရောက်ဆုံးပါ။

ဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ နေရောင်ခြည်မှာ ပါဝင်တဲ့ဓါတ်တွေကြောင့် မျက်နှာမှာရှိတဲ့ ဝက်ခြံတွေက အမြန်ဆုံး သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

ကိုယ်ခန္ဓာမှာရှိတဲ့ အဆီပိုတွေကို လျော့နည်းစေနိုင်ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ မလိုအပ်တဲ့အဆီတွေက နေရောင်ခြည်ကြောင့် လောင်သွားပြီး ကိုယ်ခန္ဓာကို ကျစ်လစ် လှပစေနိုင်ပါတယ်။

ဆံပင်ကျွတ်တာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ခေါင်းလျှော်ရည် မတည့်တာကြောင့်၊ အစားအသောက်ကြောင့် ဆိုပြီး အကြောင်း အမျိုးမျိုကြောင့် ဆံပင်ကျွတ်တာတွေ နေရောင်ခြည်က သက်သာစေနိုင်ပါတယ်။

ဆံပင်တွေကိုလည်း အမြန်ဆုံး ရှည်လာဖို့ အထောက်အကူပြုပါသေးတယ်။ ဆံပင် မြန်မြန်ရှည်ချင်တယ်ဆိုရင်တော့ နေပူဆာလှုံပေးလို့လည်း လိုမယ်နော်။

စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။ အခက်အခဲတွေ အဆင်မပြေမှုတွေ များလာရင် စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို ဖြစ်လာရင်တော့ မနက်ခင်း နေရောင်ခြည်အောက်မှာ ခဏလေး နေပေးပါ။ စိတ်တွေ ပေါ့ပါးသွားပြီး အရာတိုင်းကို အောင်မြင်အောင် ပြုလုပ်ဖို့ အားအင်တွေ ရရှိလာနိုင်ပါတယ်။

နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်သေးတယ်။ ဒါ့အပြင် သွေးတိုးရောဂါ ဖြစ်ပေါ်လာခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အစာခြေစနစ်ကိုလည်း ပိုမို ကောင်းမွန်လာစေနိုင်ပါတယ်။ အစာ စားပြီးလို့ အစာမကြေတာမျိုးကို ခံစားရတယ် ဆိုရင်နေရောင်ခြည် အနည်းငယ် ထိတွေ့ပေးလိုက်ရုံနဲ့ သက်သာစေနိုင်ပါတယ်။

နောက်ဆုံး အချက်ကတော့ နာကျင်ခြင်းတွေကို သက်သာစေနိုင်တာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် နာကျင်နေတာတွေကို နေရောင်ခြည်အောက်မှာ ခဏလောက်နေပေးလိုက်တာတွေက နာကျင်ခြင်းတွေကို လျော့နည်းစေနိုင်ပါတယ်။

မနက်ခင်း အိပ်ယာနိုးတဲ့အချိန်မှာ နေရောင်ခြည်အောက်မှာ ၁၅ မိနစ်လောက် နေပေးလိုက်တာကနေ ရရှိနိုင်မယ့်ကောင်းကျိုးတွေကို ပြောပြပေးလိုက်ရပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password