Skin care ပစ္စည်းတွေမှာပါတဲ့ AHA.BHA.PHA ဆိုတာ

လတ်တလော နာမည်ကြီးနေတဲ့ တောင်ကိုရီးယား skincare ပစ္စည်းတစ်ခုကို ပျိုမေတို့ သတိထားမိမှာပါ။ အဲဒီ skincare ပစ္စည်းမှာ AHA.BHA.PHA လို့ရေးထားတာ တွေ့ရပါတယ်။ ဒီအခေါ်အဝေါ်ကို အရင်တုန်းက မကြားဖူးသလောက်နီးပါးပါပဲနော်။ ပျိုမေတို့ သိထားဖို့အတွက် ပြောပြပေးမယ်နော်။

AHA
AHA ရဲ့ အရှည်ကောက်ကတော့ Alpha Hydroxy Acids လို့ခေါ်ပါတယ်။ သဘာဝ အသီးအနှံတွေမှာ တွေ့ရတဲ့ အက်ဆစ်တွေထဲက တစ်ခုအပါအဝင်ပါ။ သူ့ရဲ့ လုပ်ဆောင်ချက်လေးတွေကတော့ ဆဲလ်သက်တမ်းကို တိုးမြင့်ပေးပြီး အသားအရေတင်းရင်းစေကာ နုပျိုမှုကို ပေးစွမ်းစေပါတယ်။ ပျက်စီးသွားတဲ့ ဆဲလ်အဟောင်းနေရာမှာ ဆဲလ်အသစ်တွေ အမြန်အစားထိုး လုပ်ဆောင်ပေးပါတယ်။ ရောင်ခြယ်ပစ္စည်းတွေကိုလည်း ထုတ်လုပ်ပေးပြီး အရေးအကြောင်းဖြစ်တာကိုလည်း လျော့နည်းစေပါတယ်။ အသားရေ အစိုဓာတ်ရရှိဖို့ကိုလည်း အကူအညီပေးပါတယ်။ အထိအခိုက်မခံတဲ့ အသားအရေနဲ့ ဝက်ခြံထွက်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။

   

AHA ရဲ့ အကျိုးကျေးဇူးများ

(၁) အရေပြားအလွှာနဲ့ ဆဲလ်တွေရဲ့ သက်တမ်းကြာရှည်အောင် အထောက်အကူပြုပါတယ်။

(၂) နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကောင်းမွန်စေပြီး အစိုဓာတ်ရရှိစေပါတယ်။

(၃) အသားအရေတွန့်တာတွေ၊ အရေးအကြောင်းတွေ၊ မညီမညာဖြစ်တာနဲ့ အမာရွတ်ဖြစ်တာတွေ လျော့နည်းစေပါတယ်။

(၄) ခြောက်သွေ့တဲ့ အသားပိုင်ရှင်နဲ့ ဝက်ခြံထွက်တဲ့ အသားအရေပိုင်ရှင်တွေ မဖြစ်မနေ သုံးသင့်ပါတယ်။

BHA
BHA ရဲ့ အရှည်ကောက်ကတော့ Beta Hydroxy Acids လို့ခေါ်ပါတယ်။ သဘာဝ အသီးအနှံတွေမှာ တွေ့ရတဲ့ အက်ဆစ်တွေထဲက တစ်ခုအပါအဝင်ပါ။ BHA အများစုကိုတော့ မိုးမခပင်ကနေ ရရှိပါတယ်။ ချွေးပေါက်ပိတ်တာ၊ ဝက်ခြံထွက်တာနဲ့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ အရေးအကြောင်းဖြစ်တာနဲ့ နေရောင်ခြည်ကြောင့်ပျက်စီးသွားတဲ့ အသားအရေအတွက်လည်း BHA က အကူအညီတွေ ပေးပါတယ်။

  

BHA ရဲ့ အကျိုးကျေးဇူးများ

(၁) အရေပြားအလွှာနဲ့ ဆဲလ်တွေရဲ့ သက်တမ်းကြာရှည်အောင် အထောက်အကူပြုပါတယ်။

(၂) ဝက်ခြံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းစေပါတယ်။

(၃) အသားအရေနီမြန်းခြင်းကို သက်သာစေပါတယ်။

PHA
PHA ရဲ့ အရှည်ကောက်ကတော့ Poly Hydroxy Acids လို့ခေါ်ပါတယ်။ အသားအရေထိခိုက်မခံတာ၊ ယားယံတာနဲ့ နီးမြန်းတာတွေအတွက် အသုံးပြုသင့်ပါတယ်။ PHA ထဲမှာ သေးငယ်တဲ့ မော်လီကျူးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်လို့ အသားအရေထဲ စိမ့်ဝင်မှု အားကောင်းပါတယ်။ နှင်းခူရှိတဲ့ အသားအရေပိုင်ရှင်တွေ အသုံးပြုသင့်ပါတယ်။ အရေပြားရဲ့ ကော်လဂျင်တွေကို ကာကွယ်ပေးတဲ့ ဓာတ်တိုးဂုဏ်သတ္တိတွေကိုလည်း ရရှိစေပါတယ်။

 

PHA ရဲ့ အကျိုးကျေးဇူများ

(၁) အရေပြားအလွှာနဲ့ ဆဲလ်တွေရဲ့ သက်တမ်းကြာရှည်အောင် အထောက်အကူပြုပါတယ်။

(၂) အစိုဓာတ်တွေကို ထိန်းသိမ်းပေးတယ်။

(၃) ဓာတ်တိုးဂုဏ်သတ္တိတွေကို အလုပ်လုပ်စေတယ်။

(၄) အထိအခိုက်မခံတဲ့ အသားအရေပိုင်ရှင်တွေ အသုံးပြုသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ပျိုမေတို့လည်း  AHA.BHA.PHA ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်လိုနေရာမျိုးမှာ အသုံးပြုရမယ်ဆိုတာ သိပြီးပြီမို့ မှန်မှန်ကန်ကန် အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password