Concealer နဲ့ ပတ်သက်ပြီး မဖြစ်မနေ ဘာတွေသိထားရမှာလဲ

မိတ်ကပ်လိမ်းခြယ်တဲ့အခါ concealer က မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းတစ်ခုပါ။ Concealer က မျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်း၊ အမာရွတ်နဲ့ အဖုအပိန့်တွေကို ဖုံးအုပ်ပေးပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် မျက်နှာပေါ်က အနာအဆာတွေကို ဖုံးအုပ်ပေးတာပါ။ မိတ်ကပ်လိမ်းခြယ်တဲ့အခါ ပြီးပြည့်စုံတဲ့ လိမ်းခြယ်ခြင်းကို အထောက်အကူပြုပါတယ်။ မျက်လုံးတဝိုက် အရေးအကြောင်းတွေ ဖြစ်ပေါ်နေတယ်ဆိုရင် မိတ်ကပ်လိမ်းတဲ့အခါ concealer က ဖုံးအုပ်ပေးပါတယ်။ Concealer နဲ့ပတ်သက်ပြီး သိသင့်ထားရမယ့် အချက်လေးတွေကို ပျိုမေတို့အတွက် ပြန်လည် မျှဝေပေးချင်ပါတယ်။

(၁) ပုံမှန်အားဖြင့်တော့ မိတ်ကပ် foundation လိမ်းပြီးတဲ့အခါမှာသာ concealer ကို အသုံးပြုကြပါတယ်။ ကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်နဲ့ blogger တချို့ကတော့ concealer ကို foundation မသုံးခင် အရင်သုံးကြတာကိုလည်း တွေ့ရပါတယ်။

(၂) Concealer ကိုဘယ်လို ဝယ်ရမှာလဲ။ တချို့က မိတ်ကပ် foundation နဲ့ အရောင်တူတာ ဝယ်ကြပါတယ်။ Concealer အမှန်ရွေးချယ်နည်းကတော့ foundation တဆင့်ဖြူတဲ့ အရောင်ကို ရွေးချယ်ဝယ်ယူရမှာပါ။

(၃) Concealer ကို မျက်နှာတပြင်လုံး လိမ်းစရာမလိုပါဘူးနော်။ ပုံမှန်အများဆုံးအသုံးပြုကြတာကတော့ မျက်လုံးအောက်ဘက်ပါ။ မျက်လုံးအောက်ဘက်မှာ တြိဂံပုံစံလေးဆွဲပြီး လိမ်းပေးရတာပါ။ အမဲစက်နဲ့ အရေးအကြောင်းတွေရှိတဲ့နေရာတွေမှာ concealer သုံးပြီး ဖုံးအုပ်ထားနိုင်ပါတယ်။

(၄) Concealer တွေရဲ့ အားသာချက် တစ်ခုက contour အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ Counter အနေနဲ့ အသုံးပြုမယ်ဆိုရင် အသားအရေထက် တစ်ဆင့်နိမ့်တဲ့ အရောင် ဒါမှမဟုတ် အညိုရောင်ကို ရွေးချယ်ပေးပါ။

(၅) Concealer ကိုလိမ်းတဲ့အခါ ဘရပ်နဲ့ လိမ်းလို့ရသလို blend နဲ့လည်းသုံးလို့ရပါတယ်။ ဒါကတော့ ပျိုမေတို့ အားသန်ရာ ရွေးချယ်နိုင်ပါတယ်။

(၆) Highlight plate တွေကို တကူးတက မဝယ်ချင်တဲ့ ပျိုမေတွေအနေနဲ့လည်း ဒီ concealer ကို highlight အနေနဲ့ အသုံးပြုလို့ရပါတယ်။ ကိုယ့်ရဲ့ အသားအရေထက် တစ်ဆင့်ဖြူတဲ့ အရောင်ကို ရွေးချယ်ပေးပါ။

ဈေးကွက်ထဲမှာ concealer brand အမျိုးမျိုးရှိပါတယ်။ ရွေးချယ်စရာတွေ အမျိုးမျိုးရှိတာကြောင့်လည်း ပျိုမေတို့ နှစ်သက်သဘောကျတဲ့ brand ကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password