သဘာဝပစ္စည်းလေးတွေကို အသုံးပြုပြီး အမာရွတ်တွေကို ဖယ်ရှားမယ်

အမာရွတ်ဆိုတာကတော့ အလှတရားတွေကို မသိမသာ ဖျက်ဆီးစေနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ အမာရွတ်တွေကို အဓိက ဖြစ်ပေါ်စေတဲ့အရာကတော့ ဝက်ခြံတွေလို့ ဆိုရမှာပါ။ ဝက်ခြံလေးတွေ ပေါက်လာတဲ့အချိန်မှာ လက်နဲ့ ကုတ်ဖဲ့မိတာတွေက အမာရွတ်တွေ အမည်းစက်တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီလို အမာရွတ်လေးတွေကို သဘာဝအရာလေးတွေကို ဘယ်လို အသုံးပြုပြီး ပျောက်ကင်းအောင် ပြုလုပ်နိုင်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

  • သခွါးသီးကပ်ပေးပါ။ သခွါးသီးကို ပါးပါးလေးတွေ လှီးပြီး အမာရွတ်တွေ အပေါ်မှာ ကပ်ပေးပါ။ သခွါးသီးကပ်ပေးတာကတော့ အသားအရေကို အေးမြစေနိုင်သလို အမာရွတ်တွေကိုလည်း အရောင် တဖြည်းဖြည်းမှိန်ပြီး ပျောက်ကင်းစေနိုင်ပါတယ်။
  • သံပုရာရည်ကို လိမ်းပေးပါ။ သံပုရာသီးမှာ ပါဝင်တဲ့ အက်ဆစ် အပျော့စားလို့ ဆိုနိုင်တဲ့ Citric Acid ကတော့ အသားအရေက အညစ်အကြေးတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်တဲ့အရာ တစ်ခုလည်း ဖြစ်ပါတယ်။ သံပုရာရည်ကို အမာရွတ်တွေ အပေါ်မှာ လိမ်းပေးတာကတော့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေနိုင်သလို ဝက်ခြံ အသစ်တွေ ထပ် မထွက်လာအောင်လည်း တားဆီးပေးနိုင်ပါတယ်။

  • Vitamin E ကိုလည်း လိမ်းပေးနိုင်ပါတယ်။ Vitamin E ရဲ့ အစွမ်းကတော့ အသားအရေကို ချောမွေ့စေနိုင်ပြီး အမာရွတ်တွေကို အချိန်တိုအတွင်းမှာ ပျောက်ကင်းသွားအောင် အကူ အညီပေးနိုင်တာပဲ ဖြစ်ပါတယ်။
  • မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ မပျစ်တပျစ် ဖျော်ပြီး အမာရွတ်တွေ အပေါ်မှာ လိမ်းပေးပါ။ ၁၀- ၁၅ မိနစ်လောက် နေရင် ပြန်လည် ဆေးကြောပေးပါ။ မုန့်ဖုတ်ဆော်ဒါရဲ့ အစွမ်းကတော့ မျက်နှာမှာ ရှိတဲ့ဆားဝက်ခြံတွေကို သက်သာစေနိုင်သလို အမာရွတ်တွေကိုလည်း ပျောက်ကင်းစေနိုင်တာပါ။
  • မျက်နှာမှာ ဝက်ခြံကို ကုတ်မိလို့ အနာဖြစ်နေတာရော အရင်က အနာတွေက ပျောက်လက်စနဲ့ အမာရွတ်တွေ ဖြစ်နေတာရော ဆိုရင်တော့ ရှားစောင်းလက်ပပ်ကို ရွေးချယ်လိုက်နိုင်ပါတယ်။ အရင်ဆုံး မျက်နှာကို မျက်နှာသစ်ဆေးနဲ့ သန့်စင်လိုက်ပါ။ ပြီးရင် ရှားစောင်းလက်ပပ်အတွင်းက ဂျယ်လီသားလေးတွေကို အမာရွတ်တွေ အပေါ်မှာရော ဝက်ခြံတွေ အပေါ်မှာပါ လိမ်းပေးပါ။ ရှားစောင်းလက်ပပ်ကတော့ အမာရွတ်တွေကို ပျောက်ကင်းစေရုံသာမကဘဲ ဝက်ခြံတွေကိုလည်း မြန်မြန် မှည့်လာစေနိုင်ပါတယ်။

အခု ပြောပြထားတဲ့ အရာလေးတွေကို မှန်မှန် ပြုလုပ်ပေးမယ် ဆိုရင်တော့ မျက်နှာမှာ ရှိတဲ့ အမာရွတ်တွေက အချိန်တို အတွင်းမှာ သက်သာပျောက်ကင်းပြီး ကြည်လင် လှပတဲ့အသားအရေလေး ပိုင်ရှင်တွေအဖြစ် ပြောင်းလဲ ပေးလိုက်နိုင်မှာ သေချာပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password