Nude Shade နှုတ်ခမ်းလေးများကို ဖန်တီးပေးမယ့် Anastasia Beverly Hills ရဲ့ Mini Set

နှုတ်ခမ်းလေးပေါ်မှာ အရောင်အမျိုးမျိုးတင်ပြီး ဆိုးရတာနှစ်သက်တဲ့ နှုတ်ခမ်းနီလေးများကို ချစ်မြတ်နိုးတဲ့ ပျိုမေတို့ရေ ဒီတစ်ခေါက်တော့ Lipstick Mini Set လေးတစ်ခုအကြောင်း ပြောပြပေးပါမယ်။ အဲဒီ Mini Set လေးကတော့ Anastasia Beverly Hills အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ Nudes Mini Matte Lipstick Set ပဲ ဖြစ်ပါတယ်။

Anastasia Beverly Hills ရဲ့ Nudes Mini Matte Lipstick Set လေးမှာ Lipstick Shade ၄မျိုး ပါဝင်ပါတယ်။ အရောင်တွေ အားလုံးကတော့ Nude Shades တွေချည်းပဲ ဖြစ်ပါတယ်။ Matte Type ဖြစ်လို့ နှုတ်ခမ်းအထက်သာ ခြောက်ခြောက်အိအိလေး ခံစားရစေမှာပဲ ဖြစ်ပါတယ်။

Nude Shade အရောင် ၄မျိုးကတော့-

  1. Spice – Rosy oak
  2. Kiss – Rosy petal pink
  3. Dead Roses – Rosy lilac
  4. Soft Pink – Blushing pink

တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Nude Shades လေးတွေကို သဘောကျနှစ်ခြိုက်တဲ့ ပျိုမေတို့အတွက် အရမ်း အဆင်ပြေစေမယ့် Mini Set လေးပဲ ဖြစ်ပါတယ်နော်။

Anastasia Beverly Hills ရဲ့ Nudes Mini Matte Lipstick Set အရောင်ထွက်တိကျမှုရှိပြီးတော့ Ultra Matte Finish ဖြစ်တဲ့အတွက် ဆိုးရတာ သက်တောင့်သက်သာ ရှိစေပါတယ်။ ဆိုးရတာလည်း ထစ်ငေါ့ခြင်းမဖြစ်စေဘဲ ချောမွေ့တဲ့ texture လေးကို ခံစားရရှိစေမှာပဲ ဖြစ်ပါတယ်။ တစ်နေကုန် နှုတ်ခမ်းသားများအပေါ်မှာ ထင်ကျန်လှပနေစေခြင်း အကျိုးကျေးဇူးကိုလည်း ခံစားရရှိစေမှာပဲဖြစ်ပါတယ်။

ဒီတော့ Matte အမျိုးအစားကို သဘောကျပြီး နှုတ်ခမ်းများအပေါ်မှာ Nude Shade လေးတွေ ဖန်တီးရတာ နှစ်သက်တဲ့ ပျိုမေတို့အတွက်တော့ Anastasia Beverly Hills ရဲ့ Nudes Mini Matte Lipstick Set လေးက အသင့်တော်ဆုံးပဲ ဖြစ်တယ်ဆိုတာ လမ်းညွှန်ပေးလိုက်ပါတယ်နော်။

 

Image Source – http://www.anastasiabeverlyhills.com/

https://www.instagram.com/anastasiabeverlyhills/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password