
အချိန်နဲ့ တပြေးညီဆိုသလို အမြဲတမ်းအသစ်အဆန်းသော ထုတ်ကုန်တွေကို မိတ်ဆက်ပေးနေတဲ့ Anastasia Beverly Hills ဟာ Amrezy Highlighter လေးကို မကြာသေးမီက ချပြမိတ်ဆက်ပေးလိုက်ပါပြီ။ ယခုခေတ်အချိန်မျိုးမှာ Highlighter တွေဟာ Cosmetic Daily Routine အနေနဲ့ မပါမဖြစ် ပါဝင်လာကြပါပြီ။ Anastasia Beverly Hills ဟာ မျက်နှာ၊ မျက်လုံးနဲ့ ကိုယ်ခန္ဓာတွေမှာ Universal shade of Highlighter အနေနဲ့ အသုံးပြုနိုင်ရန်အတွက် Instagram Beauty sensation Amrezy နဲ့ အတူတကွ ပူးပေါင်းပြီး ဖန်တီးထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။
စိုစွတ်နေတဲ့ အသားအရေမှာသာမက ခြောက်သွေ့တဲ့ အသားအရေပေါ်မှာပါ အလွယ်တကူ လိမ်းခြယ်လို့ရတဲ့အတွက်ကြောင့် တော်တော်လေး အသုံးဝင်မယ့် ပစ္စည်းလေးဖြစ်ပါတယ်။ Ultra smooth formula ကိုအသုံးပြုထားတဲ့အတွက်ကြောင့် လိမ်းထားတဲ့အောက်ခံနဲ့တသားတည်းမဖြစ်မှာ စိုးရိမ်စရာမလိုတော့ဘူးပေါ့။ လိမ်းပြီးတဲ့အခါမှာလည်း တင်းတင်းရင်းရင်း ပြောင်ပြောင်လက်လက်လေးဖြစ်နေတော့ အကြိုက်တွေ့ပြီပေါ့။ ဗူးလေးမှာ မှန်ကိုပါထည့်သွင်းထုတ်လုပ်ထားတာကြောင့် အလွယ်တကူ အလျင်အမြန်လိမ်းခြယ်နိုင်ပြီလေ။ အရေအသွေးပိုင်းက ယုံကြည်စိတ်ချရတဲ့အပြင် Limited Edition ဖြစ်တာကြောင့် ဝယ်ယူလိုတယ်ဆိုရင်တော့ အမြန်လှုပ်ရှားဖို့တော့ လိုတယ်နော်။
ပိုမိုဝင်းပတဲ့ Look မျိုးကို ရယူလိုတယ်ဆိုရင်တော့ Hydrating Oil နဲ့ တွဲဖက်ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ မျက်ခုံးရိုးထက် ပါးရိုးထက်နဲ့ နှာခေါင်းတို့မှာ Highlighter အနေနဲ့ လိုသလို ထည့်နိုင်ပြီး ကျန်တဲ့နေရာတွေမှာလည်း လိုသလိုဖန်တီးအသုံးပြုနိုင်ပါတယ်။ အရောင်အားဖြင့် Light Brilliant Gold ပုံစံမျိုးထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ၂၈ ဒေါ်လာ ရှိပါတယ်။
Image Source: www.anastasiabeverlyhills.com