အချိန်ခဏလေးပေးရုံနဲ့ သိသာတဲ့ရလဒ်ကိုပေးမယ့် Rubber Mask လေး

မိန်းကလေးဆိုတာကတော့ လက်တစ်ဝါးစာလောက်တောင်မရှိတဲ့မျက်နှာလေးကိုတစ်နေ့တစ်နေ့ သလိုက်ရတာ ဂရုစိုက်လိုက်ရတာလေ ဟုတ်တယ်မလား? ပေါင်းတင်တာတွေလုပ် အလှပြင်ဆိုင်တွေသွားရနဲ့ မိတ်ကပ်ပစ္စည်းတွေဆိုရင်လည်းဝယ်လိုက်ရတာမောနေတာပဲလေ။ လှချင်တာကိုး မင်မင်ရဲ့လို့ပြောမှာပေါ့။ ဟုတ်ပါတယ်။ လှချင်ကြတဲ့ကောင်မလေးတွေများသလိုစျေးကွက်ထဲမှာလည်း ပစ္စည်းအသစ်တွေအသစ်တွေက တစ်နေ့တစ်မျိုးလောက်ထွက်နေတော့ ပိုက်ပိုက်လေးတွေဆိုတာ အဲ့ထဲကိုပဲခုန်ပျံပြီးထွက်သွားကြတာပေါ့။ ဟိဟိ

အခုလည်း ကောင်မလေးတွေကြားထဲမှာရေပန်းစားလာတဲ့ mask ဆန်းဆန်းလေးတစ်ခုကိုပြောပြပေးမလို့လေ။ ပြီးတော့ရလာဒ်ကလည်း တကယ့်ကိုအံ့မခမ်းပဲဆိုတော့ ကြွေလို့ရအောင် ပြောပြပေးလိုက်တော့မယ်နော်။ ဘာလေးလဲဆိုတော့ Rubber Mask လေးပါ။ Rubber ဆိုတော့ မျက်နှာပေါ်ကပ်လို့ရပါ့မလား ဘယ်လိုကြီးလဲဆိုပြီး မထင်လိုက်နဲ့နော်။ သူလေးက powder မှုန့်လိုမျိုးလေးဖြစ်ပြီးတော့ မျက်နှာပေါ်ကို ကိုယ်တိုင်ပြုလုပ်ပြီး ကပ်ပေးရမှာပါ။

ဘယ်လိုပုံလေးရှိလဲ

သူက အသားရေပြဿနာတွေပေါ်မူတည်ပြီး အမျိုးအစား ၉ မျိုးထုတ်ထားပါတယ်။ ဝိုး အများကြီးပဲနော်။

💋Charcol  အဆီပြန်တဲ့အသားရေပိုင်ရှင်တွေအပြင် ချွေးပေါက်ကျယ်နေတာတွေကို သက်သာစေပါတယ်။

💋Collagen အရေးကြောင်းတွေကို လျော့ပါးစေပြီး အသားရေကို တင်းတင်းရင်းရင်းဖြစ်စေပါတယ်။

💋Acene-Control ဝက်ခြံဖြစ်တဲ့အသားရေကို သက်သာစေပြီးတော့ မျက်နှာကိုအစိုဓါတ်ပေးပါတယ်။

💋Cool-ice အသားရေကို နူးညံ့ချောမွေ့စေပြီးတော့ ချွေးပေါက်တွေကိုလည်းသက်သာစေပါတယ်။

💋Green-Tea အသားရောင်မညီတာတွေကိုညှိပေးပြီး အသားရေကို အေးမြစေပါတယ်။

💋Aroma ငယ်ရွယ်တဲ့အသားရေလေးလို စိုပြေတင်းရင်းစေပါတယ်။

💋Vitamin C သူကတော့ နာမည်ကြားရုံနဲ့ အသားရေကို ပြောင်တင်းစေပြီးတော့ မျက်နှာမှာရှိတဲ့ရေဓါတ်ကို ဖြည့်တင်းပေးပါတယ်။

💋Pearl သူလေးကတော ပုလဲလေးတွေလို ပြောင်ပြောင်တင်းတင်းလေးဖြစ်စေတဲ့အပြင်အရေးကြောင်းတွေအတွက်လည်းကောင်းပါတယ်။

💋Aloe မျက်နှာကို အေးမြစေပြီး အသားရေခြောက်သူတွေရေဓါတ်ပြည့်ဝစေရန်အတွက်သင့်တော်ပါတယ်။

ဘယ်လိုသုံးရမလဲ?

သူ့မှာခွက်လေး ၂ ခွက် ကော်တဲ့ ဇွန်းပြားလေး ၁ ခုပါပါတယ်။ ကိုယ်သုံးချင်တဲ့ ပမာဏကို ခွက်လေးထဲထည့် ရေလေး လိုသလေက်ရောလိုက်ပြီး( အနှစ်ဖြစ်ပြီဆိုရင်ရပါပြီ) အနှစ်လေးတွေကို သူ့မှာပါတဲ့ ဇွန်းလေးနဲ့မျက်နှာလေးပေါ်တင်ပေးလိုက်ပါ။ ပြီးရငတော့ မိနစ် ၂၀ လောက် ခြောက်အောင်ထားပေးလိုက်ပါ။

 . 

 

Rubber Mask လို့ ခေါ်တာကတော့အဲ့လို ခြောက်လို့ဆွဲခွာတဲ့အချိန်မှာ Mask အသားက Rubber လေးလို တုန်တုန်လေးမို့ အဲ့လိုခေါ်တာပါ။ အသည်းယားစရာလေးနော်။ စျေးနှုန်းကတော့ 240 g ဘူးကြီးတစ်ဘူးကို 23000 ကျပ်နဲ့ online ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်နော်။ အမျိုးအစားမျိုးစုံသုံးချင်တဲ့သူလေးတွေအတွက်လည်း တစ်ချို့ဆိုင်လေးတွေမှာ အထုပ်လေးတွေနဲ့ခွဲရောင်းပါတယ်လို့ ပြောပြရင်းလက်တို့လိုက်တယ်နော်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password