ကမ္ဘာအနှံ့ကထူးဆန်းတဲ့ အလှအပဆိုင်ရာ သတ်မှတ်ချက်များ

ပြစ်မျိုးမှဲ့မထင်လှတဲ့ အလှဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ သတ်မှတ်ထားတဲ့စံနှုန်းတွေမတူတာကြောင့် ကမ္ဘာပေါ်မှာအလှတရားတွေအများကြီးရှိနေတယ်လို့ပဲပြောရမှာပါ။ ဒီလိုအများကြီးရှိတဲ့အထဲကမှ တစ်ချို့နိုင်ငံတွေရဲ့ ထူးဆန်းတဲ့ အလှစံနှုန်းလေးတွေကစိတ်ဝင်စားဖို့ကောင်းတာကြောင့် ဖော်ပြပေးလိုက်ရပါတယ်နော်။

၁။ Iran

 

 

Iran မှာရှိတဲ့အမျိုးသမီးတွေအနေနဲ့ နှာခေါင်းကို plastic surgery လုပ်နိုင်တယ်ဆိုတာ အဲဒီအမျိုးသမီးရဲ့ကြွယ်ဝချမ်းသားမှုကို ဖော်ပြနေတယ်လို့ သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် Iran နိုင်ငံသူတွေက သူတို့ နှာခေါင်းကို ခွဲစိတ်ထားတယ်ဆိုတာကို သိသာအောင် ခွဲစိတ်မှုလုပ်ပြီးရင်တပ်ရတဲ့ plaster ကို စတိုင်တစ်ခုအနေနဲ့အကြာကြီးကပ်ထားလေ့ရှိတယ်လို့ဆိုပါတယ်။

၂။ China

ရှေးခေတ်တရုတ်ကားတွေကိုကြည့်ရင် မိန်းကလေးစီးတဲ့ဖိနပ်တွေက ဖိနပ်သေးသေးလေးတွေဖြစ်နေတတ်တာကို သတိထားမိကြမလားတော့ မသိဘူး၊ အဲဒါဘာလို့လဲဆိုတော့ တရုတ်ပြည်က မိန်းကလေးတွေရဲ့အလှစံနှုန်းတွေထဲမှာ ခြေဖဝါးသေးလေလှလေလို့ သတ်မှတ်ကြလို့ပါတဲ့။

၃။ Japan

သွားအစွယ်တွေရှိတာ၊ သွားနှစ်ထပ်ဖြစ်တာဟာ မလှဘူးလို့ထင်နိုင်ကြပေမယ့် ဂျပန်နိုင်ငံမှာတော့ ဒီလိုသွားအစွယ်လေးတွေရှိတာဟာ လူကိုပိုပြီးတော့နုပျိူတယ်လို့ထင်ရစေတယ်လို့ သတ်မှတ်ထားပြီး မိန်းကလေးတော်တော်များများဟာ သွားအစွယ်ချွန်ချွန်လေးတွေရှိချင်တတ်ကြပါတယ်။

၄။ New Zealand

New Zealand မှာရှိတဲ့ Maori မျိုးနွယ်စုက အမျိုးသမီးတွေအတွက်ကတော့ သူတို့ရဲ့မေးစေ့မှာ Ta-moko လို့ခေါ်တဲ့ တက်တူးတွေကို မရှိမဖြစ်ထိုးထားရပါတယ်။

Source : trendcrown.com

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password