အသားအရေကို ပျက်စီးစေတဲ့မကောင်းတဲ့အကျင့်များ

လှပပြီး ကြည့်လို့ ကောင်းနေတဲ့သူတစ်ယောက် အဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိနေဖို့အတွက်ဆိုရင်တော့ အသားအရေက ကြည်လင်ပြီး အပြစ်အနာအဆာကင်းနေဖို့ လိုအပ်ပါတယ်။ ပျက်စီးနေတဲ့ အသားအရေတွေနဲ့ ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်က လျော့နည်းနေမှာပဲ ဖြစ်ပါတယ်။အသားအရေကို လှပနေစေဖို့အတွက်ဆိုရင် အသားအရေကို ပျက်စီးစေနိုင်တဲ့အကျင့်များကို သိပြီး ရှောင်ရှားတတ်ဖို့ လိုအပ်ပါတယ်နော်။ ဘယ်အချက်တွေကို ရှောင်ရှားရမလဲ ဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်း ပြန်လည် သန့်စင်မပေးမိတာမျိုး

ချွေးထွက်တဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့ Gym ဆော့တာမျိုး၊ ကာယလေ့ကျင့်ခန်းတစ်ခုခုကို ပြုလုပ်ပြီးလို့ ချွေးတွေ ထွက်တဲ့အချိန်မှာ ချက်ချင်း ပြန်လည် မသန့်စင်ပေးဘဲ အချိန်ဆွဲနေတတ်တာမျိုးကတော့ အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ထားတဲ့အချိန်မှာ ကိုယ်တွင်းက မကောင်းတဲ့အရာတွေက ချွေးတွေအဖြစ် ထွက်ပေါ်လာတာကြောင့် တတ်နိုင်သမျှ မြန်မြန်လေး ပြန်လည် သန့်စင်ပေးလိုက်ပါ။ အချိန်ကြာမှဆိုရင် ချွေးတွေကြောင့် အသားအရေက ညစ်ညမ်းသွားတတ်ပါတယ်။

(၂) မိတ်ကပ်လိမ်းတဲ့အချိန်မှာ အောက်ခံကို သေချာ မလိမ်းတာမျိုး

မိတ်ကပ်လိမ်းခြယ်တဲ့အချိန်မှာ အောက်ခံမိတ်ကပ်ကို မျက်နှာအသားအရေအပေါ် တိုက်ရိုက်လိမ်းလိုက်တာမျိုးက အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ မျက်နှာအပေါ်မှာ တိုနာ၊ Moisturizer တို့ကို အရင်လိမ်းပြီးမှာ အောက်ခံမိတ်ကပ်ကို လိမ်းရမှာပါ။ အောက်ခံမိတ်ကပ်ချည်း လိမ်းလိုက်တာမျိုးက မျက်နှာမှာ ရှိတဲ့ချွေးပေါက်လေးတွေကိုလည်း ကျယ်စေသလို မိတ်ကပ်ကိုလည်း ကြာကြာ မခံတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

(၃) အရည်အသွေး မကောင်းတဲ့ အလှကုန်တွေကို အသုံးပြုမိခြင်း

အသားအရေကောင်းမွန်ဖို့ အတွက်ဆိုရင် ဈေးကြီးတဲ့အလှကုန်တိုင်း အရည်အသွေးကောင်းတယ်။ ဈေးပေါတဲ့အလှကုန်တိုင်း အရည်အသွေး ညံ့တယ်လို့ မဆိုလိုပါဘူး။ သူ့အတိုင်းနဲ့သူကတော့ ရှိပြီးသားပဲ ဖြစ်သလို ဈေးကြီးတာ၊ ဈေးပေါတာ ဆိုတာတွေထက် ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့အလှကုန် အမျိုးအစားကို ရွေးချယ်တတ်ဖို့ အရေးအကြီးဆုံးပါ။အသားအရေ အမျိုးအစားအပေါ်မှာလိုက်ပြီး အရည်အသွေး ကောင်းတဲ့အလှကုန်တွေကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ အရည်အသွေး မကောင်းတာမျိုး ဆိုရင်တော့ အသားအရေကို မကောင်းလာစေနိုင်တာထက် ပိုလို့တောင် ပျက်စီးစေနိုင်တဲ့အတွက် သတိပြုပေးရမှာပါနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password