အသားအရေနဲ့ မုန့်ဖုတ်ဆော်ဒါ

မျက်နှာ အသားအရေအတွက် မုန့်ဖုတ်ဆော်ဒါ အကြောင်းကို ပြောပြပေးချင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို အသုံးပြုပြီး မျက်နှာအသားအရေကို ပြုပြင် ထိန်းသိမ်းလို့ ရမယ့်နည်းလေးတွေကို ဖတ်ကြည့်ပေးပါနော်။

မျက်နှာသန့်စင်ခြင်း

မျက်နှာမှာ ရှိတဲ့အညစ်အကြေးကို သန့်စင်စေချင်တယ်ဆိုရင်တော့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရောစပ်လိုက်ပါ။ ပြီးရင် သန့်စင်ထားတဲ့မျက်နှာတပြင်လုံး နှံ့သွားအောင် လိမ်းပေးပါ။ အချိန် ၂ မိနစ် – ၃ မိနစ်လောက် ထားပြီးရင် မျက်နှာ ပြန်သစ်ပေးပါ။ ဒီလို ပြုလုပ်ပေးတာက မျက်နှာမှာ ရှိတဲ့ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ကြည်လင်သွားစေနိုင်ပါတယ်။

ဝက်ခြံပျောက်ကင်းစေခြင်း

ဝက်ခြံတွေ ပျောက်ကင်းဖို့ မုန့်ဖုတ်ဆော်ဒါကို အသုံးပြုချင်တဲ့အချိန် မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံပုရာရည် ခက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ရေလက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောစပ်လိုက်ပါ။ အကုန်လုံး နှံ့သွားအောင် ရောစပ်လိုက်ပြီးရင်တော့ ဝက်ခြံလေးတွေ အပေါ်မှာ လိမ်းပေးပါ။ ၅ မိနစ်လောက် ထားပြီးရင်တော့ မျက်နှာကို ပြန်လည် သန့်စင်ပေးလိုက်ပါ။

မျက်နှာပြင်ကို ချောမွေ့ခြင်း

မျက်နှာမှာ ရှိတဲ့ ဆဲလ်သေတွေ၊ ချွေးပေါက်လေးတွေ အထဲက အညစ်အကြေးတွေကို ဖယ်ရှားပြီး အသားအရေကို ချောမွေ့သွားစေဖို့အတွက် ဆိုရင် မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောပြီး မျက်နှာ တစ်ပြင်လုံးကို ပွတ်တိုက်ပေးပါ။ အချိန် ၁၀ မိနစ်လောက် ထားပြီးရင် မျက်နှာ ပြန်သစ်ပေးလိုက်တဲ့အချိန်မှာ မျက်နှာအသားအရေက ချောမွတ်နေတာကို ခံစားရမှာပဲ ဖြစ်ပါတယ်။

မျက်နှာအသားအရေ ပိုမိုဖြူဖွေးလာခြင်း

ဖြူဖွေးတဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောမွှေပြီး မျက်နှာ တစ်ပြင်လုံးကို လိမ်းပေးပါ။ အချိန် ၅ မိနစ်လောက် ထားပြီးရင် မျက်နှာ ပြန်သစ်ပေးလိုက်ပါ။

မုန့်ဖုတ်ဆော်ဒါကို အသုံးပြုတဲ့အချိန် တစ်ခု သတိပြုရမှာကတော့ အချိန်ကို အလွန်ဆုံး ၁၀ မိနစ်ထက် ပိုကြာကြာ မထားဖို့ပါပဲ။ ပိုကြာရင် မျက်နှာအသားအရေ စားသွားတတ်လို့ပါ။ အချိန်ကို ၅ မိနစ် ကနေ ၇ မိနစ်ကြား ထားတာကတော့ အကောင်းဆုံးဆိုတာကို ပြောပြပေးလိုက်ရပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password