ငှက်ပျောသီးကို အသုံးပြုပြီး ပေါင်းတင်နိုင်မည့်နည်းလမ်းများ

အိမ်မှာတင် မီးဖိုချောင်ထဲကစားစရာတွေနဲ့ မျက်နှာပေါင်းတင်တဲ့နည်းလမ်းတွေဟာ ဘယ်တော့မှလဲ မရိုးနိုင်သလို ထိရောက်မှုလည်း ရှိပါတယ်။ အကုန်အကျသက်သာတဲ့အပြင် ဓါတုပစ္စည်းတွေမပါဝင်တာကြောင့် မျက်နှာကိုထိခိုက်မှုလည်း ကင်းပါတယ်။

အခုပြောပြချင်တာကတော့ ငှက်ပျောသီးနဲ့ မျက်နှာပေါင်းတင်တဲ့ နည်းလမ်းတွေပါ။ ဒီနည်းလမ်းတွေက အသားအရေတောက်ပလိုသူတွေ အသုံးပြုနိုင်ပါတယ်။

၁။ ငှက်ပျောသီး သီးသန့် ပေါင်းတင်နည်း

ငှက်ပျောသီး မှည့်ပျော့ပျော့တစ်လုံးကို ညက်နေအောင်ခြေပြီး မျက်နှာအနှံသုတ်လိမ်းပေးပါ။ ဆယ့်ငါးမိနစ်လောက်ကြာရင် မျက်နှာကိုရေဆေးချပါ။ ပြီးရင် ရေခဲတုံးလေးနဲ့ မျက်နှာအနှံ့နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မျက်နှာကြမ်းတမ်းတာတွေ သက်သာစေပြီး ကြည်လင်ဝင်းပစေပါတယ်။

၂။ ငှက်ပျောသီး၊ ပျားရည်၊ လီမွန်

ဒီနည်းလမ်းကတော့ အစက်အပျောက်ကင်းစင်လိုတဲ့ သူတွေအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင်ခြောက်ကပ်တဲ့အသားအရေရှိသူတွေလည်း အသုံးပြုနိုင်ပါတယ်။ လီမွန်ပါဝင်တာကြောင့် အသားအရေ အရောင်မညီတာတွေကိုလည်း လျော့ပါးစေပါတယ်။ လီမွန်သီးအစား ရှောက်သီး၊ သံပုရာသီးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

ပထမဆုံး ငှက်ပျောသီး မှည့်ပျော့ပျော့ကို လုံးဝကျေညက်သွားသည်အထိ ခြေပါ။ ပြီးရင် ပျားရည်တစ်ဇွန်း သံပုရာရည် တစ်ဇွန်းထည့်ပါ။ မျက်နှာကို သန့်စင်အောင် အရင် ဆေးကြောပါ။ ပြီးရင် တဘက်သန့်သန့်နဲ့ သုတ်ပါ။ ပေါင်းတင်ဖို့ပြင်ထားတဲ့ ငှက်ပျောသီး အနှစ်ကို နှစ်ထပ်လောက်သုတ်လိမ်းပါ။ ဆယ့်ငါးမိနစ်လောက်ကြာရင် ရေနွေးနွေးနဲ့ ဆေးချပါ။ ဆပ်ပြာမသုံးပါနဲ့။

၃။ ငှက်ပျောသီး၊ ဆနွင်းနဲ့မုန့်ဖုတ်ဆော်ဒါ

ဒီနည်းလမ်းကတော့ ဝက်ခြံပျောက်ကင်းလိုသူတွေအတွက် သင့်တော်ပါတယ်။ ပြုလုပ်နည်းကတော့ ငှက်ပျောသီးကို အရင် ကြေအောင်ခြေပါ။ ပြီးရင် ဆော်ဒါ ဇွန်းတစ်ဝက်၊ နနွင်းဇွန်းတစ်ဝက်ထည့်ပြီးမွှေပါ။ အရမ်းပျစ်တယ်ထင်ရင် ရေနည်းနည်းထည့်လို့ရပါတယ်။ မျက်နှာကို ဆေးကြောပြီး တဘက်သန့်သန့်နဲ့သုတ်ပါ။ ပြီးရင် ဘရှပ်ရ် နဲ့ သုတ်လိမ်းပေးပါ။ ဘာကြောင့်လဲဆိုတော့ ဆနွင်းက လက်မှာစွန်းပေးတတ်လို့ပါ။

ဆယ့်ငါးမိနစ်လောက်ကြာရင် ရေနွေးနွေးနဲ့ ဆေးချပါ။ ဆပ်ပြာမသုံးပါနဲ့။ ဆေးကြောသန့်စင်ပြီးတာနဲ့ ပိုပြီးချောမွေ့ဖို့အတွက် Moisture တစ်ခုခုကိုလိမ်းပါ။

 

Image Source: www.pinterest.com

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password