
ပုံမှန်အားဖြင့် ကျွန်မတို့ ဆံပင်ကိုသန့်ရှင်းစင်ကြယ်စေဖို့ရန်အတွက် Shampoo နဲ့ နူးညံ့ပျော့ပျောင်းလာအောင် Conditioner တို့ကိုတွဲဖက်အသုံးပြုတတ်ကြပါတယ်။ Shampoo ကို အသုံးပြုရုံနဲ့ ဦးရေပြားမှာရှိနေတဲ့ ကြေးညှော်တွေ သန့်ရှင်းစင်ကြယ်ရဲ့လား ဆိုတာမေးခွန်းဖြစ်လာသလို အနံ့အသက်တွေကော် ဖယ်ရှားပေးနိုင်ရဲ့လားဆိုတာ မေးစရာဖြစ်လာပါပြီ။ အချို့သော Product တွေဟာ အပေါ်ယံဦးရေပြားကို တခဏတာသာသန့်ရှင်းပေးနိုင်တာကြောင့် အလွယ်တကူ အနံ့ဆိုးများနဲ့ ဗောက်များ ဖြစ်ပေါ်လာပြန်ပါတယ်။ ဦးရေပြားအတွင်းဆုံးပိုင်းအထိသန့်ရှင်းစင်ကြယ်စေဖို့ဆိုရင် အရေအသွေးကောင်းပြီး လူကြိုက်များတဲ့ Bb.Scalp Detox လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီ Product လေးဟာ အဆီနဲ့ ဦးရေပြားမှာဖြစ်ပေါ်တတ်တဲ့ ကြေးညှော်အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ်စေဖို့ရန်အတွက် အထူးထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဦးရေပြားကို အထောက်အကူပြုစေမယ့် Micellar water ဟာ ဦးရေပြားကို သန့်ရှင်းစင်ကြယ်စေအောင် အဓိကတာဝန်ယူပေးပြီး Panthenol ဟာ ဆံသားတွေ ခြောက်သွေ့ကြမ်းတမ်းလာခြင်းမျိုး ကာကွယ်ပေးဖို့ လုပ်ဆောင်ပါတယ်။ Salicylic Acid ဟာ ချွေးပေါက်မှာ ပိတ်ဆို့နေတဲ့ ကြေးညှော်တွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးမှာမို့ တကယ်ပဲ နူးညံ့ပျော့ပျောင်းပြီး သန့်ရှင်းတဲ့ဆံကေသာလေးကို ပိုင်ဆိုင်စေမှာပါ။ Micro-Bubbles လေးတွေနဲ့ဖော်စပ်ထားတာကြောင့် အသုံးပြုပြီးတဲ့အခါမှာ တကယ်ပဲ လန်းဆန်းတဲ့ ခံစားချက်မျိုးကိုပေးစွမ်းမှာပါ။ အသုံးပြုတော့မယ့်အခါမှာ သတိထားရမယ့်အချက်က Shake ကောင်းကောင်းလုပ်ဖို့ လုံးဝမမေ့ပါနဲ့နော်။ ပြီးရင်တော့ ဦးရေပြားကို တိုက်ရိုက် လိုသလို Spray လုပ်သွားပေးရပါမယ်။ နှိပ်နယ်ပေးပြီး ၃မိနစ်အကြာမှာတော့ ရေနဲ့ဆေးချပြီး ပုံမှန်အသုံးပြုနေကျ Shampoo, Conditioner တို့ကို အသုံးပြုပေးရပါမယ်။
Image Source: www.bumbleandbumble.com