ပါးပါးကြည်ကြည်လေးဖြစ်သွားစေရမယ့် foundation နဲ့ powder အတွဲလေး

အစားကောင်းလေးတွေစားရရင် ချစ်ရတဲ့သူတွေကို သတိရကြတယ်ဟုတ်။ ပစ္စည်းကောင်းလေးတွေ သုံးရလို့ရှိရင်လည်း ဝေမျှပေးရတာပေါ့။ ဟုတ်တယ်မလား? ဘာပစ္စည်းကောင်းလေးလဲဆိုတော့ကား မိတ်ကပ်ကို အရူးအမူးလိမ်းတတ်တဲ့ အချစ်တို့အတွက် သတင်းကောင်းလေးပါ။ အခုဆို စျေးကွက်ထဲကိုရောက်ရှိလာတာမကြာသေးတဲ့ brand လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်နော်။ သူလေးကတော့ Beauty Buffet Brand လေးပါ။ မျက်နှာအတွက်ရော ခန္ဓာကိုယ်အတွက်ပါ skincare မျိုးစုံထုတ်လုပ်ထားပြီးတော့ shower gel, lotion, scrub လေးတွေပါ ထုတ်ထားလို့ set လိုက် သုံးချင်တဲ့ သူတွေလည်း အဆင်ပြေပါတယ်နော်။

အခုအဲ့ brand ကနေ အသစ်ဝင်ရောက်လာတာလေးကတော့ foundation နဲ့ powder set လေးပါ။ Set လို့ပြောပေမယ့် တစ်ခုချင်းစီလည်း ခွဲဝယ်လို့ရလို့ အဆင်ပြေပါတယ်နော်။ Thailand made brand လေးပဲနော်။ ကဲ တစ်ခုချင်းစီအသေးစိတ်ကြည့်လိုက်ရအောင်။

အရင်ဆုံး glowy look ကိုပေးမယ့် foundation လေးနဲ့ မိတ်ဆက်ပေးမယ်နော်။

Pro Skin foundation လေးပါ။ ကျန်းမာတဲ့အသွင်နဲ့ ပြောင်ပြောင်လေးကြိုက်တဲ့သူတွေကတော့ အံကိုက်ပါပဲ။ မိတ်ကပ်သားကလည်း ပါးပါးလေးနဲ့ကြည်ကြည်လေးဆိုတော့ နေ့စဉ်လိမ်းလို့လည်း အဆင်ပြေတယ်လေ။ ရွေးချယ်စရာအရောင်ကတော့ ၃ ရောင်ရှိပါတယ်။ မိတ်ကပ်သားကအရမ်း မပျစ်မကြဲလေးဆိုတော့  လိမ်းရတာလည်း  အိုကေပါတယ်။ ရေမြှပ်လေးတွေနဲ့လိမ်းလိမ်း brush လေးနဲ့ပဲလိမ်းလိမ်း လက်လေးနဲ့တောင်လိမ်းလို့ရသေးတော့ ပိုတောင် အဆင်ပြေသေးတယ်လေ။ 01 0, 020, 030 ဆိုပြီး ၃ ရောင်ရှိတဲ့အပြင် အသားဖြူတဲ့သူဆို 010,  အသားလတ်တဲ့သူလေးတွေကတော့ 020 နဲ့  ညိုညက်ညက်အသားလေးတွေကတော့ 030 လေးကို သုံးလို့ရပါတယ်နော်။ Medium coverage လောက်သွားတော့ အပြစ်အနာအဆာလေးတွေကိုလည်း ဖုံးပေးနိုင်ပါတယ်။  Highlighter တောင်သုံးစရာမလိုတော့ဘူးလို့ပြောကြတယ်နော်။ ဘယ်လောက် glow လဲလို့တော့ တွေးကြည့်လိုက်တော့☺

 .  

နောက် powder လေး

Two way powder လေးပါ။ ရွေးချယ်စရာအရောင် ၃ ရောင်ရှိပါတယ်နော်။ Foundation ကို powder နဲ့တွဲထွက်တာ brand တိုင်းမှာသိပ်မရှိပါဘူးနော်။ အခုတော့ လိုက်ရှာစရာလည်း မလိုတော့ဘူး။ Two way လို့ပြောလိုက်ရင် ဖုန်ဖုန်ကြီးနဲ့ ကွက်ကြမှာအရမ်းကြောက်ကြတယ်လေ။ စိတ်မပူပါနဲ့။ ဒါလေးက ပါးပါးလေးနဲ့ ပြောင်တင်းနေဖို့ တာဝန်ယူပေးမှာပါနော်။ ပေါင်ဒါသားက ဖွာမနေဘဲ ညက်ညက်လေးဆိုတော့ သနပ်ခါးနဲ့တွဲလိမ်းတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ Foundation က နံပါတ်တွေအတိုင်းပဲထွက်ထားလို့ ရွေးရတာအဆင်ပြေမှာပါ။ ပြီးတော့ ဘူးလေးမှာ brush ပြားပြားလေးတစ်ခုရော မှန်လေးပါထည့်ထားလို့ ခရီးတွေဘာတွေ သွားရင်လည်း သယ်ရတာ လွယ်ကူ။ ပြီးတော့ သူလေးက powder pact လေးဖြစ်လို့ foundation မလိမ်းချင်တဲ့နေ့ဆို အဲ့powder လေးကို ရေစွတ်ပြီးလိမ်းရင်လည်း အဆင်ပြေတာပေါ့။

နောက်တစ်ခု ပြောပြချင်တာကတော့ powder ရွေးတဲ့အခါကိုယ်က foundation ကို ဖြူတာရွေးထားရင် ပေါင်ဒါကို နည်းနည်း ညိုတာလေးရွေးလိုက်ပါ။ အဖြူကိုအဖြူထပ်ရွေးရင် မျက်နှာကအရမ်း ဖြူပြီးတော့ ထင်းထင်းကြီး ဖြစ်နေပါလိမ့်မယ်။ Foundation ကို ညိုတာရွေးထားရင်လည်း ပေါင်ဒါကို အဖြူလေးရွေးပေးလိုက်ပါ။ အဲ့ဒါမှမျက်နှာလေးလင်းမှာနော်။

စျေးနှုန်းလေးလာပါပြီ။ Pro skin  foundation ရယ် powder ရယ်ကို တစ်ခုကို မြန်မာကျပ်ငွေ 23500 ကျပ်နဲ့အောက်ကဆိုင်တွေမှာဝယ်လို့ရပြီနော်။

ရန်ကုန်မှာဆိုရင် junction city က third floor မှာ ကောင်တာလည်းရှိလို့ အဆင်ပြေပါတယ်နော်။

နယ်မှာဆိုရင်လည်း ရနိုင်တဲ့ ဆိုင်တွေကိုတော့  Beauty Buffet Myanmar ရဲ့ facebook page မှာ ရေးထားလို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password