အသားအရေကို ထိန်းသိမ်းဖို့အတွက် အသုံးပြုပေးသင့်တဲ့ အလှကုန်များ

မိတ်ကပ်ဘယ်လောက်ကောင်းကောင်း အသားအရေ မကောင်းရင်တော့ အလှကြီး လှနေမှာ မဟုတ်ပါဘူးနော်။ တကယ်လို့ အသားအရေလေးကသာ ကြည်ကြည်လင်လင်နဲ့ လှပနေမယ်ဆိုရင်တော့ မိတ်ကပ်ကိုတောင် အထူးတလည် လိမ်းခြယ်စရာ မလိုအပ်ဘဲ သဘာဝအသားအရေ စိုစိုလေးနဲ့ အလိုလိုကို ကြည့်လို့ ကောင်းနေမှာပဲ ဖြစ်ပါတယ်။ အခုတစ်ခါ ပြောပြပေးချင်တာကတော့ အသားအရေကို ထိန်းသိမ်းဖို့အတွက် အသုံးပြုပေးသင့်တဲ့အလှကုန်များအကြောင်းပဲ ဖြစ်ပါတယ်။ အသားအရေမှာ ရှိတဲ့ဆဲလ်တွေကတော့ ညအချိန်မှာ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်တာ ပိုများပါတယ်။ ဒါကြောင့် ညအိပ်ယာ မဝင်ခင် ညပိုင်းတွေမှာ ပိုပြီး ထိန်းသိမ်းပေးဖို့ အရေးကြီးပါတယ်။

မနက်ပိုင်း အပြင်သွားခါနီးတိုင်း

• မျက်နှာသစ်ဆေးနဲ့ မျက်နှာကို အရင်ဆုံး သစ်ပေးပါ။
• Cleanser နဲ့ မျက်နှာအသာအရေပြားပေါ်က ချွေးပေါက်လေးတွေကြားမှာ ကျန်နေတတ်တဲ့အညစ်အကြေးတွေကို ထပ်မံ သန့်စင်ပေးပါ။
• ပြီးရင်တော့ တိုနာကို လိမ်းပေးပါ။ တိုနာ လိမ်းပေးတာကတော့ မျက်နှာအသားအရေလေးကို စိုပြေစေပြီး အပေါ်က မိတ်ကပ်တွေ ထပ်လိမ်းတဲ့အချိန်မှာလည်း မိတ်ကပ်သားကို ညီညာစေနိုင်လို့ပါ။
• Moisturizer (သို့) Day Cream ကို လိမ်းပေးပါ။
• အကုန်လုံး ပြီးသွားရင်တော့ Suncreen ပါဝင်တဲ့အရာ တစ်ခုခုကို လိမ်းပေးလိုက်ပါက အပြင်သွားဖို့အတွက် အသားအရေ အတွက် ပြင်ဆင်မှုက ပြည့်စုံသွားပါပြီ။

ညပိုင်း အိပ်ယာမဝင်ခင် ပြုလုပ်ပေးရမယ့်အရာတွေကတော့

• မနက်ကတည်းက လိမ်းထားတဲ့မိတ်ကပ်တွေကို မဖျက်ဘဲ မအိပ်လိုက်ပါနဲ့နော်။ သန့်စင်ပေးတဲ့နေရာမှာလည်း မနက်က ပြုလုပ်တဲ့နည်းအတိုင်းပါပဲ။ အရင်ဆုံး မျက်နှာသစ်ဆေးနဲ့ မျက်နှာကို သစ်ပေးပါ။
• Cleanser ကို အသုံးပြုပြီး ကျန်နေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါ။
• ပြီးရင် တိုနာ လိမ်းပေးပါ။ ဒီအချက် အထိကတော့ မနက်ပိုင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။
• နောက်တစ်ဆင့်အနေနဲ့ မျက်နှာမှာ ရှိတဲ့အမည်းစက်လေးတွေ အမာရွတ်လေးတွေ ရှိတယ်ဆိုရင် အမာရွတ် ပျောက်ဆေး တစ်မျိုးမျိုးကို အမည်းစက်လေးတွေ အပေါ်မှာပဲ ကွက်ပြီး လိမ်းပေးပါ။


• Serum ကို မျက်နှာတစ်ပြင်လုံးမှာ ထပ်ပြီး လိမ်းပေးပါ။
• တကယ်လို့ မျက်ကွင်းတွေ ညိုတတ်တဲ့သူတွေ ဆိုရင်တော့ Eye Cream ကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
• နောက်ဆုံးအဆင့်အနေနဲ့ Night Cream (သို့) မျက်နှာလိမ်းအဆီ တစ်မျိုးမျိုးကို လိမ်းပေးပါ။

အခု ပြောပြပေးထားတဲ့ အလှကုန် အသုံးပြုပုံ အဆင့်ဆင့်ကို နေ့ရော ညပါ အချိန်ပေးပြီး ထိန်းသိမ်းပေးမယ်ဆိုရင်တော့ ဝက်ခြံတွေ အမည်းစက်တွေ ကင်းစင်ပြီး ကြည်လင်တဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ဖို့ အလွယ်လေးပဲ ဖြစ်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password