နိုင်ငံအလိုက်ခေတ်စားတဲ့ Beauty Trend များ (အပိုင်း ၂ )

အပိုင်း၁မှာ နိုင်ငံ၄နိုင်ငံရဲ့ trend ကိုဖော်ပြပေးပြီးသွားပြီဆိုတော့ အပိုင်း၂မှာ နောက်ထပ်မတူညီတဲ့နိုင်ငံတွေရဲ့ မတူညီတဲ့ trend တွေကိုဖော်ပြပေးမယ်နော်။

 

၁။ Thai – Pop of Color

မြန်မာရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကပျိုလေးတွေကတော့မျက်ခုံးကိုအပြည့်တစ်တန်းတည်းဆွဲလေ့ရှိပြီး မျက်နှာကိုချယ်သတဲ့နေရာမှာတော့ နှုတ်ခမ်းနီအရောင်တောက်တောက်နဲ့ foundation အရောင်ဖျော့တာမျိုးကိုလိမ်းလေ့ရှိတယ်လို့ဆိုပါတယ်။

၂။ Brazil – Lined Lower Lash

ဘရာဇီးပျိုဖြူတွေကမျက်တောင်ထူထဲလေ့ရှိပါတယ်။ဒါကြောင့် အပေါ်မျက်တောင်နဲ့အောက်မျက်ခမ်းကမျက်တောင်တွေ balancedဖြစ်သွားအောင် lower lash ကိုပါပိုပြီးထူထဲတယ်ထင်ရအောင်ပြုလုပ်ကြတာခေတ်စားပါတယ်။ Waterproof mascara တွေ ဒါမှမဟုတ် waterproof liner တွေကိုသုံးပြီး lower lash ကိုဖြည့်ကြပြီးတော့မှ brush လေးနဲ့သဘာဝဆန်တဲ့ပုံစံရအောင်ပြုလုပ်ကြပါတယ်။

၃။ Korea – Hydration and Flush

အခုချိန်မှာ အလှကုန်ပစ္စည်းတွေရဲ့ဆရာလို့တောင်ဆိုရမယ့် ကိုရီးယားနိုင်ငံရဲ့ beauty trend ကတော့ သဘာဝဆန်ဆန်နဲ့ရေဓါတ်ပြည့်ဝတဲ့အသားအရေပုံစံပါ။ BB နဲ့ CC cushion တွေကိုအသုံးများကြပြီး cream type ပါးနီကိုလည်းအသုံးများကြတာတွေ့နိုင်ပါတယ်။ ဂျပန်လိုပဲ အရုပ်လေးလိုဖြစ်အောင်ပြင်ကြပေမာ့် ဂျပန်ပျိုလေးတွေလိုတော့ circle lens ကိုမှအရောင်ဆန်းဆန်းတွေနဲ့မဟုတ်ဘဲ သဘာဝအရောင်နဲ့နီးစပ်တာကိုသုံးလေ့ရှိကြပါတယ်။

၄။ Latin America – Colored Lower Line

လက်တင်ပျိုဖြူတွေကြားခေတ်စားနေတဲ့ beauty trend ကတော့ မျက်လုံးအောက် water-line ကို အရောင်နဲ့လိုင်နာတွေဆိုးတဲ့ဒီဇိုင်းပဲဖြစ်ပါတယ်။

၅။ France – Strobbing

Contouring တွေခေတ်စားနေပေမယ့် ပြင်သစ်ကတော့ လုံးဝပြောင်းပြန်ပါ။ Contour လိုမျိုးမျက်နှာကိုအမှောင်ချပြီးသွယ်အောင်လုပ်တာမဟုတ်ဘဲ highlighter တွေသုံးပြီးမျက်နှာရဲ့အစိတ်အပိုင်းတွေကိုပိုပြီးပေါ်ထင်လာအောင်လုပ်တဲ့ ဒီ strobbing လို့ခေါ်တဲ့ trend ကတော့ပြင်သစ်ပျိုဖြူတွေကြားရေပန်းစားလို့နေပါတယ်။

 

 

References : www.marieclaire.com

Photo references : en.wikipedia.org

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password