ရေဓါတ်ပါဝင်မှုနှုန်း ၂၂ % ပါရှိတဲ့ ၂၄ နာရီတာရှည်ခံ BECCA အောက်ခံမိတ်ကပ်

မိန်းကလေးတွေ ဘာကြောင့် မိတ်ကပ်လိမ်းရတာလဲ။ လှချင်လို့ လိမ်းတယ်လို့ အများစုကတော့ ပြောတတ်ပါတယ်။ လှချင်လို့ ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိချင်တဲ့အတွက် မလှဘူးလို့ ယူဆရတဲ့အပိုင်းလေးတွေကို မသိသာတော့အောင် ပြင်ဆင်လိုက်တာပါ။ ဒါကြောင့် ဒီတခါတော့ Cosmetic Myanmar ရဲ့ ပျိုမေလေးတို့ မျက်နှာမှာ အမည်းစက်လေးတွေ အမာရွတ်လေးတွေကြောင့် မိတ်ကပ်လိမ်းတဲ့အချိန်မှာ မလှဘူးလို့ မဖြစ်ရလေအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်မယ့် အောက်ခံမိတ်ကပ်လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီမိတ်ကပ်အောက်ခံလေးကတော့ BECCA က ထုတ်လုပ်ထားတဲ့ တစ်ခါလိမ်းထားရင် ၂၄ နာရီလုံး လှပနေနိုင်မယ့် အောက်ခံမိတ်ကပ်လေးပဲ ဖြစ်ပါတယ်။ သူ့မှာက ရေဓါတ် ပါဝင်မှုနှုန်း ၂၂% ရှိတာကြောင့်လည်း လိမ်းတဲ့အချိန်မှာ လိမ်းရ ခက်နေတာမျိုးမဖြစ်စေဘဲ အရည်လေး ပုံစံ ဖြစ်တာကြောင့် လိမ်းခြယ်ရတဲ့အချိန်မှာလည်း အလွယ်တကူ လိမ်းခြယ်လို့ ရပါတယ်။

ရွေးချယ်စရာ အရောင်တွေ အနေနဲ့ကလည်း အသားအရေတိုင်းနဲ့ လိုက်ဖက်မယ့်အရောင်တွေကို အမျိုးစုံရွေးချယ်လို့ ရအောင်လည်း ထုတ်လုပ်ထားပါတယ်။ စုစုပေါင်း အရောင် အနေနဲ့ ၂၄ ရောင် ထုတ်လုပ် ထားပါတယ်။ ဒီတော့ အသားအရေ အရောင် အလိုက် အလိုက်ဖက်ဆုံး၊ မိမိအသားအရေနဲ့ တစ်သားတည်းကျတဲ့အရောင်မျိုး မရှိမှာ စိုးရိမ်စရာ မရှိတော့ဘဲ အသားအရေနဲ့ တစ်ထပ်တည်း ဖြစ်နေမယ့်အရောင်မျိုးကို အကောင်းဆုံး ရွေးချယ်လိုက်ဖို့ အကောင်းဆုံးပါ။

တာရှည်ခံတဲ့နည်းကို အသုံးပြုပေးထားတဲ့နေရာမှာလည်း ၂၄ နာရီ အထိ ခံတဲ့မိတ်ကပ်မျိုး ဖြစ်တာကြောင့် တစ်ခါလိမ်းထားရင် နောက်နေ့ အထိတောင် လှပနေမယ့်အမျိုးအစားဖြစ်ပါတယ်။ Coverage အမျိုးအစားနဲ့ လိုက်ဖက်မယ့်ရှိတဲ့ အမည်းစက်တွေ အမာရွတ်တွေကို ဖုံးကွယ်တဲ့အချိန်မှာလည်း မူလ အသားအရေနဲ့ မခြား ဖုံးကွယ်ပေးတဲ့အတွက် မျက်နှာမှာ မိတ်ကပ်တခြား မျက်နှာတခြား ဖြစ်နေတာမျိုးအတွက် လုံးဝ စိုးရိမ်စရာ မလိုတော့ပါဘူးနော်။

ဈေးနှုန်းအားဖြင့်မှာတော့ အမေရိကန်ု ဒေါ်လာ ၄၄ ဝန်းကျင် ဖြစ်တာကြောင့် ဈေးနှုန်းတော့ အနည်းငယ် မြင့်တယ်လို့ ထင်ရပေမယ့် ရမယ့်အရည်အသွေးတွေကြောင့် ဆိုရင်တော့ ပေးရတာ ပျော်တဲ့ခံစားချက်ကို ဖြစ်ပေါ် စေနိုင်ပါတယ်။

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password