BECCA x Khloé Kardashian တို့ရဲ့ နှုတ်ခမ်းနီ လှလှလေးများ

ဒီတခါတော့ CM ပရိသတ်မမတွေအတွက် နှုတ်ခမ်းနီလှလှလေးတွေနဲ့ မိတ်ဆက်ပေးသွားချင်ပါတယ်နော်။ ဘယ်လောက်ဘဲ ပြီးပြည့်စုံတဲ့ make up look ဖြစ်နေပါစေ ကိုယ်လိမ်းထားတဲ့ make up နဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီ၊ အဝတ်အစားဖက်ရှင်နဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီမျိုးကို မရွေးချယ်နိုင်ဘူးဆိုရင် မြင်ရသူမျက်စိထဲမှာ smart မဖြစ်စေပါဘူး။ ဒါကြောင့်မို့ အမျိုသမီးတယောက်အတွက် ပြီးပြည့်စုံတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် နှုတ်ခမ်းနီရွေးချယ်မှုကလည်း ရာခိုင်နှုန်းတော်တော်များများမှာ အရေးပါတာကို အားလုံးသိကြမှာပါ။

အခုမိတ်ဆက်ပေးတဲ့ ဒီနှုတ်ခမ်းနီလှလှလေးတွေကတော့ နာမည်ကျော် brand တခုဖြစ်တဲ့ BECCA  နဲ့ အမျိုးသမီးများကြားမှာ လူကြိုက်များကျော်ကြားနေတဲ့ Khloé Kardashian တို့ ပူပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ product လေးတွေ ဖြစ်ပါတယ်။ အရောင်အနေနဲ့ Nude color ၂မျိုး red color ၂မျိုး စုစုပေါင်း (၄) မျိုးထုတ်လုပ်ထားပြီး အသားရောင်အမျိုးမျိုးနဲ့ အသုံးပြုလို့ အဆင်ပြေစေမယ့် အရောင်လေးတွေဖြစ်ပါတယ်။ နောက်တခုက အမျိုးသမီးတယောက်အတွက် မရှိမဖြစ်ရှိသင့်တဲ့ အရောင်လေးတွေကို အဓိကထား ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ ဒါဆို အရောင်လေးတွေ ကြည့်လိုက်ရအောင်နော်။

နှုတ်ခမ်းနီလေးတွေကတော့ Long Lasting ဖြစ်တဲ့အတွက် နှုတ်ခမ်းလေးပေါ်မှာ အချိန်ကြာကြာစွဲမြဲနေမှာ ဖြစ်သလို ရေဓာတ်ပါဝင်တဲ့အတွက်ကြောင့် နှုတ်ခမ်းခြောက်ခြင်းနဲ့ နှုတ်ခမ်းသားကွဲအပ်ခြင်းတို့ကို ဖြစ်ပေါ်နိုင်စေမှာ မဟုတ်ပါဘူး။ ရေဓာတ်ပြည့်ဝခြင်းကြောင့် ဖူးဖူးနဲ့ စိုစိုအိအိလေး ဖြစ်နေစေမှာလည်း သေချာပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password