နေရောင်ထဲထွက်စရာမလိုဘဲ Glow look လေးကို ပိုင်ဆိုင်စေဖို့ Becca ရဲ့ Soft Light Blurring Powder

ဒီနေ့ခေတ်ချိန်ခါမှာ Cosmetic အမျိုးအစားတွေ ပေါများလာတာကြောင့် ကောင်းနိုးရာရာပစ္စည်းတွေကို ရွေးရခက်နေကြတာ အားလုံးလည်း သိမှာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အားလုံးနဲ့ အဆင်ပြေပြီး ရွေးချယ်မှုမမှားနိုင်တဲ့ ပစ္စည်းလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီပစ္စည်းလေးကိုတော့ နာမည်ကျော် cosmetic brand တခုဖြစ်တဲ့ Becca ကထုတ်လုပ်ထားတာဖြစ်ပြီး မိတ်ကပ်လိမ်းတဲ့အချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ Setting Powder အမျိုးအစားဘဲ ဖြစ်ပါတယ်။

Soft Light Blurring Powder လေးကို အရောင် ၂ မျိုးနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အသားရောင်အမျိုးအစားပေါ်မူတည်ပြီး ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့အသုံးပြုပုံကတော့ ပုံမှန်တိုင်း အောက်ခံ foundation တွေ အသုံးပြုပြီးချိန် မိမိကြိုက်နှစ်သက်တဲ့ အသုံးပြုနေကြ 2 way make up တွေကိုလည်း ပုံမှန်လိမ်းခြယ်နိုင်ပြီး အပေါ်ယံကနေ မိမိ glow ဖြစ်တဲ့ နေရာများကို brush လေးနဲ့ ညင်သာစွာ အသုံးပြုပေးလိုက်ယုံပါဘဲနော်။ အသုံးပြုရတာ လွယ်ကူတဲ့အတွက် ဘာကိုမှ စိုးရိမ်စရာမလိုဘဲ ကိုယ်လိုချင်တဲ့ make up look ကို အမြန်ဆန်ဆုံးနဲ့ နည်းလမ်းအမှန်ကန်ဆုံးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

  

အသုံးပြုပြီးတဲ့ အချိန်မှာတော့ ပြီးပြည့်စုံတဲ့ make up look လေးမှာ ပျော်ဝင်ပြီး ယုံကြည်မှုရှိရှိနဲ့ နေ့သစ်တခုကို ဖြတ်သန်းလိုက်ရုံပါဘဲနော်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password