Bella မှနောက်ဆုံးထုတ်လုပ်လိုက်တဲ့ ရေစိုခံ နေလောင်ဒဏ်ကာကွယ်တဲ့ sun water

Bella ဆိုတာကတော့ စျေးနှုန်းသက်သာပြီး အရည်အသွေးကောင်းလွန်းလို့ ပေးရတဲ့စျေးနဲ့မတန်တဲ့ quality ပြန်ရတယ်ဆိုပြီး အလှအပချစ်သူတွေကြားမှာ နာမည်ကြီးနေတဲ့ ပြည်တွင်း brand လေးတစ်ခုပါ။  အရင်က cushion, foundation, lipsticks စတဲ့ cosmetics အမျိုးအစားစုံကို ချစ်စရာကောင်းတဲ့ ထုပ်ပိုးမှုပုံစံလေးတွေနဲ့ အသည်းစွဲဖြစ်ခဲ့ရတာပါ။ အခုလည်း bella က နေပြီး နောက်ထပ် susprise ဖြစ်သွားစေတဲ့ စျေးနှုန်းနဲ့ sun water လေးကို ချစ်တို့ဆီကို April 8 ကနေစပြီး အရောက်ပို့ပေးလိုက်ပါပြီ။ ဒီ sun water လေးက နေလောင်ဒဏ်လည်းခံ၊ ရေစိုလည်းခံ သင်္ကြန်အတွက်တော့ ကွက်တိ။  ချစ်လေးတို့သိတဲ့အတိုင်း နေရောင်ခြည်ဒဏ်က အသားအရေကို အိုမင်းရင့်ရော်စေတဲ့အပြင် တင်းတိတ်၊ မှဲ့ခြောက်တို့ကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးတွေကာကွယ်နိုင်အောင်  sunscreen ကို မဖြစ်မနေသုံးပေးဖို့တော့ လိုမယ်နော်။ ဒါပေမယ့် နေ့တိုင်းလိုလို sunscreen ကို မမေ့မလျော့ လိမ်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးလေ။ Bella sun water လေးကတော့ အပြင်သွားခါနီးတိုင်း၊ နေပူထဲထွက်ခါနီးတိုင်း ထုတ်ဖြန်းနိုင်တဲ့အပြင် ဘယ်နေရာသွားသွားအိတ်ဆောင်သယ်သွားလို့ရတော့ ပိုလို့အဆင်ပြေတာပေ့ါ။

Bella sun water လေးက SPF 50 အပြင် PA++ ပါဝင်တာကြောင့်UV A ရော UV B  နှစ်မျိုးလုံးကို ကာကွယ်ပေးတဲ့ အပြင်ဖြန်းပြီးတဲ့ အခါမှာလည်း စေးကပ်မှုမရှိပါဘူး။ မိတ်ကပ်ပြင်ဆင်ပြီးချိန်ဖြန်းရင်လည်း မိတ်ကပ်သားကိုပိုတက်စေပါတယ်။ ဒါ့အပြင် plant extract ပေါင်း ၆၀ ပါဝင်လို့ skin care ကိုသပ်သပ်လုပ်စရာမလိုတော့ပဲအချိန်ကုန်သက်သာပြီး အဆင်ပြေသွားတာပေါ့။ Bella လေးနဲ့ဆို နွေနေပူကို confident ရှိရှိနဲ့ ဖြတ်သန်းနိုင်ပြီပေ့ါ။

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password