ပွဲလယ်တင့် ထူးခြားလှပစေမယ့် Bellaoggi ရဲ့ MAT AFFAIR Liquid Lipstick လေးများ

ဒီတစ်ခေါက်တော့ နှုတ်ခမ်းနီဆိုရင် ထူးခြားတောက်ပတဲ့ အမိုက်စားအရောင်များမှ နှစ်သက်တတ်တဲ့ ပျိုမေတို့အတွက် တကယ့်အမိုက်စားအရောင်များနဲ့ ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းနီလေးကို ပြောပြပေးချင်ပါတယ်။ ဒီနှုတ်ခမ်းနီလေးတွေကို Bellaoggi အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားပြီး MAT AFFAIR Liquid Lipstick လို့ အမည်ပေးထားပါတယ်။

ဒီ Bellaoggi ရဲ့ MAT AFFAIR Liquid Lipstick လေးတွေကို အရောင် (၈)ရောင် ထုတ်လုပ်ထားပါတယ်။ အဲဒီအရောင်လေးတွေကတော့ –

#001 Lollydoll

#002 Parisian

#003 Bustier

#004 Guepiere

#005 Pinkcrush

#006 Firstkiss

#007 Lovepotion

#008 Passionplum စတဲ့ လှပထူးခြားတဲ့အရောင်လေးများနဲ့ ထုတ်လုပ်ထားပါတယ်။ ဒီတော့ ပျိုမေတို့ နှစ်သက်ရာအရောင်များကို ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Bellaoggi ရဲ့ MAT AFFAIR Lipstick လေးတွေဟာ Liquid Type အမျိုးအစားဖြစ်ပြီးတော့ zero weight formula နဲ့ ထုတ်လုပ်ထားလို့ နှုတ်ခမ်းသားအပေါ်မှာ ဆိုးထားမှန်းမသိသာစေဘဲ လွတ်လပ်ပေါ့ပါးမှုကို ခံစားရရှိစေနိုင်ပါတယ်။ အရောင်ထွက် တိကျမှန်ကန်မှုရှိပြီး ဆွဲသားရာမှာလည်း နှုတ်ခမ်းလေးများအပေါ်မှာ အထစ်အငေါ့မရှိစေဘဲ ချောမွေ့နူးညံ့မှုကို ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ Liquid ဖြစ်ပေမဲ့ အခြောက်မြန်ဆန်ပါတယ်။

ထုတ်လုပ်ထားတဲ့ Shade အမျိုးအစားအားလုံးက Casual Style ပြင်ဆင်ရာမှာပဲ အသုံးပြုပြု Formal Style မှာပဲဆိုးဆိုး လိုက်ဖက်တာမို့ ဘယ်လိုနေရာ ပွဲမျိုးမဆို အသုံးပြုပေးနိုင်မှာ ဖြစ်ပါတယ်။

 

 

 

Image Source –www.bellaoggi.com/

web.facebook.com/BellaoggiItalia/

www.instagram.com/bellaoggiitaliaofficial/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password