ချစ်စရာကောင်းတဲ့ မိုးရာသီလေးကို ဖော်ညွှန်းပေးတဲ့ Rainy Season Lipsticks

ချစ်စရာကောင်းလွန်းလှတဲ့ ချမ်းစိမ့်စိမ့်မိုးရာသီလေးကိုရောက်ရင် မိုးစက်လေးတွေကိုကြည့်ပြီး အလိုလိုစိတ်ပျော်ရွှင်လာကြတယ်။ တခါတရံ ကိုယ်ချစ်တဲ့သူကို လွမ်းလို့အကောင်းဆုံးအချိန်ပေါ့နော်။ အခုလို ချစ်စရာကောင်းတဲ့ ရာသီဥတုလေးကို ဖော်ညွှန်းပြီး ထုတ်လုပ်ထားတဲ့ Bella ရဲ့ Rainy Season Lipstick တွေဟာလည်း မိုးစက်လေးတွေကဲ့သို့ အရမ်းကိုချစ်စရာကောင်းလွန်းလှပါတယ်။ သေသပ်လှပတဲ့ Packaging ချစ်စရာကောင်းတဲ့ အရောင်လေးတွေနဲ့အတူ Lipstick တစ်ချောင်းချင်းစီရဲ့ နာမည်လေးတွေက Rainy Season ဆိုတဲ့နာမည်လေးနဲ့ အင်မတန်လိုက်ဖက်လှပါတယ်။

         

 

             

သူကတော့ လောလောဆယ်မှာ အရောင် ၅ရောင်ထွက်ရှိထားပြီး Miss U, Rain Drop, Teddy, True Love, Hug Me ဆိုပြီးဖြစ်ပါတယ်။ အရောင် ၈ရောင်ထွက်ရှိမှာဖြစ်ပြီး အခု ၅ရောင်အရင်ထွက်ရှိလာတာဖြစ်ပါတယ်။ Matte Liquid Lipstick ဖြစ်တာကြောင့် တာရှည်ခံပြီး နှုတ်ခမ်းဖူးဖူးလေးဟာ Star လေးတို့ရဲ့ ပုန်းကွယ်နေတဲ့ အလှတရားကို ဖော်ဆောင်ပေးမှာဖြစ်ပါတယ်။ နှုတ်ခမ်းသားကိုလည်းခြောက်သွေ့ခြင်း မဖြစ်ပါဘူး။ စျေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သောကြောင့် Must have ဆိုလည်းမမှားပါဘူးနော်။ အရောင်လေးတွေဟာ နေ့စဉ်နေ့တိုင်းဆိုးလို့ရပြီး အမိုက်ဆုံးနဲ့ လူတိုင်းကြိုက်နှစ်သက်သော အရောင်လေးတွေကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ကဲ ဒါဆို စျေးနှုန်းချိုသာပြီး အရည်သွေးကောင်းမွန်သော လူတန်းစားမရွေးဝယ်သုံးလို့အဆင်ပြေတဲ့ Rainy Season Lipstick လေးတွေကို မရလိုက်ဘူးမဖြစ်ရလေအောင် အမြန်ဆုံးသွားဝယ်လိုက်ကြပါနော်။ နောက်ထပ်ထွက်ရှိလာဦးမယ့် အရောင် ၃ရောင်ကိုလည်း သူများတွေထက်ဦးဆုံးသိခွင့်ရအောင် နားစွင့်ထားဖို့မမေ့ကြနဲ့နော်။ လှပသေသပ်သော နှုတ်ခမ်းသားတစ်စုံကို ပိုင်ဆိုင်ရဖို့အတွက် Bella က Star လေးတွေအတွက် အသစ်အသစ်တွေ ဖန်တီးပေးနေဦးမှာပါတဲ့ နော်……!

ဒီပစ္စည်းလေးရဲ့ စျေးနှုန်းကို သိချင်တယ်ဆိုရင်သော အခု Link လေးမှာ ဝင်လေ့လာလို့ ရပါတယ် https://cosmeticmyanmar.com/bella-rainy-season-lipsticks/

 

Image Source : https://www.facebook.com/BellaBeAStar/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password