မျက်နှာအသားရည်ကြည်တဲ့ ပျိုမေလေးတွေရဲ့ အားသာချက်များ

အသားရေကြည်တဲ့ ပျိုမေတွေမှာ တခြားသူတွေနဲ့ မတူတဲ့ အားသာချက်လေးတွေရှိပါတယ်။ ဘယ်နေရာပဲ ရောက်နေရောက်နေ လူတွေရဲ့ ချီးကျူးတာကို ခံရပါတယ်။ ဒီလိုမျက်နှာကြည်ဖို့ဆိုတာ သာမန်ဂရုစိုက်ရုံနဲ့ မရပါဘူး။ စနစ်တကျ ထိန်းသိမ်းထားမှသာ ဒီလိုကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်မှာပါ။ အသားရေကြည်သူတွေရဲ့ အားသာချက်က မိတ်ကပ် ဒါမှမဟုတ် skin care သုံးပြီးတဲ့အခါတိုင်း ကြည့်ကောင်းနေတာပါ။ မျက်နှာအသားရေကြည်တဲ့ ပျိုမေလေးတွေရဲ့ အားသာချက်ကို ပြောပြပေးမယ်နော်။

အသားဖြူစေတဲ့ ပစ္စည်းများ

Whitening ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ အသားရေပျက်စီးနေသူတွေကတော့ ဒီ whitening ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ရှောင်ရှားပေးရပါမယ်။

နေရောင်ခြည် ထိတွေ့ခြင်းကိုရှောင်ပါ။

အသားရေကြည်သူတွေရဲ့ အားသာချက်က အသားရေတွေကို ကောင်းမွန်အောင် ပြုပြင်ပေးနိုင်တဲ့ ပစ္စည်းတွေကို မသုံးလည်း ဘာမှမဖြစ်တာပါ။ အသားရည်ကြည်သူတွေ ကာကွယ်ပေးရမှာတစ်ခုကတော့ နေရောင်ခြည်ပါ။ နေရောင်ခြည်ကြောင့် အသားရေမပျက်စီးအောင် သတိထားပေးပါ။

အသားရေပြဿနာ

အသားရေပြဿနာ အဖြစ်နည်းပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ တင်းတိပ်နဲ့ မှဲ့ခြောက်တွေ ဖြစ်ပွားတာ နည်းပါတယ်။

ယုံကြည်မှုရှိခြင်း

အသားရေကြည်သူတွေက မိတ်ကပ်မလိမ်းထားရင်တောင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အပြည့်ရှိနေသူတွေပါ။ ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်တွေကြောင့် ယုံကြည်မှုပျောက်တာတွေ နည်းပါးစေပါတယ်။

ပိုက်ဆံအကုန်အကျသက်သာခြင်း

အသားရေကြည်လင်နေတာကြောင့် မိတ်ကပ် ဒါမှမဟုတ် skin care ပစ္စည်းတွေကို အများကြီး သုံးစရာမလိုပါဘူး။ အလှကုန်ပစ္စည်းတွေ အများကြီးဝယ်စရာမလိုတော့တာမို့ ပိုက်ဆံကုန်တာ နည်းသွားပါတယ်။

ထိန်းသိမ်းခြင်း

အသားအရေကြည်သူတွေက တခြားသူတွေထက် ထိန်းသိမ်းရေးတွေ ပိုလုပ်ရပါတယ်။ ဒီလို ထိန်းသိမ်းရေးတွေ မကြာခဏ ပြုလုပ်ပေးမှသာ အသားရေ ပျက်စီးစေတဲ့ ပြဿနာတွေကနေ သက်သာစေမှာပါ။

အသားရေကြည်လင်စေမယ့် နည်းလမ်းလေးတွေက ရိုးရှင်းပါတယ်။ ဒီနည်းလမ်းလေးတွေကို ပျိုမေတို့ နေ့တိုင်းမှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် မကြာခင်နေ့ရက်တွေမှာ ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်လာမှာပါ။

အသားရေကြည်လင်စေမယ့် ရိုးရှင်းတဲ့ နည်းလမ်းများ

၁။ မျက်နှာနဲ့ ခန္ဓာကိုယ်ကို နေ့တိုင်း သေသေချာချာသန့်စင်ပေးဖို့လိုအပ်ပါတယ်။

၂။ မျက်နှာသစ်ပြီးတဲ့အခါတိုင်း တိုနာအသုံးပြုပေးဖို့ အရေးကြီးပါတယ်။

၃။ အသားရေနဲ့ ကိုက်ညီတဲ့ whitening cream ဒါမှမဟုတ် lotion ကိုနေ့တိုင်းလိမ်းပေးရပါမယ်။

၄။ နေပူထဲ သွားတဲ့အခါမှာ sunscreen ကို မဖြစ်မနေ လိမ်းပေးပါ။

၅။ မိတ်ကပ် remover ကို ညအိပ်ယာဝင်ခါနီး မျက်နှာမသစ်ခင်မှာ မဖြစ်နေ အသုံးပြုပေးပါ။

ပျိုမေတို့ရေ အသားရေကြည်လင်တာက တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဒ်ကြီးတစ်ခုဖြစ်တာမို့ အခုချိန်ကစပြီး အသားရေကို နေ့တိုင်းဂရုစိုက်လိုက်ကြရအောင်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password