Apple Cider Vinegar နဲ့ ရေချိုးပေးခြင်းအားဖြင့် ဘာကောင်းကျိုးတွေ ရရှိနိုင်မလဲ

Apple Cider Vinegar ဆိုတာကတော့ ဗီတာမင် B1, B2 , B6 , ဗီတာမင် စီနဲ့ ဖောလစ် အက်ဆစ်တို့ ပါဝင်ပြီး အလှအပရေးရာတွေမှာပါ အသုံးဝင်လှတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတစ်ခါ ပြောပြပေးချင်တာကတော့ ရေချိုးတဲ့အချိန်မှာ ဗီနီကာနဲ့ ချိုးပေးတာကနေ ရရှိနိုင်မယ့် ကောင်းကျိုးလေးတွေကို ပြောပြပေးလိုက်ရပါတယ်နော်။ ဒီ ဗီနီဂါနဲ့ ရေချိုးဖို့ ဆိုတာကတော့ ရေချိုးကန်ထဲမှာ ဗီနီကာ ခွက်တစ်ဝက်စာလောက်ကို ထည့်ပြီး အချိန် နာရီဝတ်လောက် စိမ်ပေးလို့လည်းရသလို တကယ်လို့ ရေချိုးကန် မရှိတဲ့နေရာမျိုးတွေမှာဆိုရင်လည်း ဗီနီကာတစ်ဆ ရေနှစ်ဆ ရောပြီး တစ်ကိုယ်လုံး သုတ်လိမ်းပေးပြီး အချိန် မိနစ် ၂၀ လောက် ထားပေးပြီး ရေပြန်ချိုးပေးလိုက်လို့ ရပါတယ်။ ဗီနီကာနဲ့ ရေဘယ်လို ချိုးပေးလို့ ရမလဲ ဆိုတာကို ပြောပြပြီးရင်တော့ ရေချိုးခြင်းအားဖြင့် ရရှိနိုင်မယ့်ကောင်းကျိုးတွေကို ပြောပြပေးပါမယ်။

 

• အက်ဆစ်တဲ့ ပါဝင်တဲ့အတွက် ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်တတ်တဲ့ ဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
• အမာရွတ်တွေ အမည်းစက်တွေကိုလညး် အရောင်မှိန်သွားစေနိုင်ပါတယ်။
• ကိုယ်ခန္ဓာက ထွက်တဲ့အနံ့အသက်ဆိုးဝါးမှုကိုလည်း လျော့နည်းစေနိုင်တဲ့အတွက် ချွေးနံ့နံတဲ့သူတွေအတွက်ကတော့ ဒီနည်းလေးကို သုံးပြီး ရေချိုးပေးပါနော်။
• အညောင်းအညာ ပြေစေနိုင်ပါတယ်။ လှုပ်ရှားမှု နည်းပြီး အထိုင်များတဲ့သူက အညောင်းမိတတ်ပါတယ်။ ဒီအတွက်ဆိုရင်လည်း ဗီနီကာနဲ့ ရေစိမ်ချိုးပေးတာကတော့ အကြောအခြင်တွေကို ပြေလျော့စေနိုင်ပါတယ်။
• အသားအရေမှာ အင်းဆက်အကောင်တွေ ကိုက်လို့ အဖုအပိန့်တွေထွက်ပေါ်လာတာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါသေးတယ်။

• တချို့ အထိအခိုက် မခံတဲ့အသားအရေပိုင်ရှင်လေးတွေက အသားအရေ အပေါ်မှာ မှိုလိုလို အဖြူကွက်လေးတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို အရာတွေ အတွက်ဆိုရင်လည်း Apple Cider Vinegar ကို အသုံးပြုပေးလိုက်ပါက အရေးပြားမှိုတက်တာတွေကိုလည်းသက်သာစေနိုင်ပါသေးတယ်။
• အပြင်သွားတဲ့အချိန်မှာ အကာအကွယ်မပါလို့ ဖြစ်စေ ခရီးသွားတဲ့အချိန်မှာ နေလောက်ကာခရင်မ် မလိမ်းမိလို့ အသားအရေ အပေါ်မှာ ဖြစ်ပေါ်သွားတဲ့နေလောင်ကွက်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။

ရေချိုးတဲ့အခါ အချိန် မိနစ် ၂၀ လောက် ပေးလိုက်ရုံနဲ့ အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်တဲ့နည်းလေးမို့ ပြောပြပေးလိုက်ရပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password