ဆံကေသာအတွက် ကော်ဖီကနေရနိုင်တဲ့ အကျိုးရလဒ်များ

ကော်ဖီကြိုက်တဲ့ ပျိုလေးတို့ရေ၊ သတင်းကောင်းလေးပြောပြမယ်။ ဘာသတင်းကောင်းလဲဆိုတော့ ပျိုလေးတို့ အမြတ်တနိုးထားရတဲ့ ဆံကေသာလေးတွေအတွက် coffee ကနေပေးနိုင်တဲ့ အကျိုးကျေးဇူးလေးတွေအကြောင်းပါ။

ကော်ဖီမှာပါတဲ့ Caffeine ဓာတ်က ဆံပင်ကျွတ်တာကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ Caffeineဓာတ်က ဆံပင်တွေကိုကျွတ်စေတဲ့ DHT လို့ခေါ်တဲ့ effect ကို လျော့ကျစေတာမို့လို့ပါ။ ဒါတင်မကပါဘူး နှပ်ထားတဲ့ ကော်ဖီနဲ့ တစ်ပါတ်ကို ၂ခါလောက် ခေါင်းလျှော်ပေးမယ်ဆိုရင် ဆံပင်တွေကိုပြန်ပေါက်ဖို့လည်းအားပေးစေတယ်လို့လည်း တွေ့ရပါတယ်။

ဦးရေပြားသွေးလည်ပတ်မှုကောင်းအောင်လည်း coffee ကကူညီပေးနိုင်ပါသေးတယ်။ လုပ်ဆောင်ရမယ့်နည်းလမ်းလေးကတော့ ကိုယ်သုံးနေကျ hair coat ဒါမှမဟုတ် ဆီတစ်မျိုးမျိုးထဲကို ကော်ဖီမှုန့်ကိုခွက်ရဲ့ ၄ပုံ၁ပုံလောက်ထည့်ပြီး ၈နာရီကြာလောက် မီးအေးအေးနဲ့တည်ထားရပါမယ်။ တည်နေတုန်းကပ်မသွားအောင်လို့တော့ မွှေပေးနေဖို့လည်းလိုတယ်နော်။ ပြီးရင်တော့ အမှုန့်တွေကိုစစ်ထုတ်ပြီး ရလာတဲ့ဆီကို ဘူးတစ်ခုထဲထည့်သိမ်းပြီးတော့ တစ်ပါတ်တစ်ခါအသုံးပြုပေးမယ်ဆိုရင် ဦးရေပြားသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဆံပင်တွေကို ပိုပြီးမြန်မြန်ပေါက်စေတဲ့အပြင် ပိုပြီးလည်းသန်စွမ်းစေတာကိုတွေ့ရပါတယ်။

ကော်ဖီမှုန့်ကိုသုံးပြီး ဦးရေပြားမှာရှိတဲ့ ဆဲလ်အသေတွေကိုဖယ်ရှားလို့လည်းရပါသေးတယ်။ Hair mask သဘောမျိုးလေးဖြစ်အောင် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကော်ဖီမှုန့်၂ဇွန်း၊ ပျားရည်နဲ့သံလွင်ဆီတစ်ဇွန်းဆီတို့ပါပဲ။ ဒီ၃မျိုးကိုရောမွှေပြီးတော့ ခပ်ပြစ်ပြစ်အနေရပြီဆိုရင် ဦးရေပြားအနှံ့မှာလိမ်းပေးပြီး တစ်နာရီလောက်ထားထားရပါမယ်၊ ပြီးရင်တော့ ခေါင်းလျှော်ရည်ကိုသုံးပြီး ပြောင်အောင်လျှော်လိုက်မယ်ဆိုရင်တော့ တောက်ပပြီးပိုကောင်းလာတဲ့ဆံပင်လေးတွေကို ပိုင်ဆိုင်နိုင်ကြမှာပါ။

ခုဖော်ပြပေးလိုက်တဲ့နည်းလေးနေ့ကို သဘောကျတယ်ဆိုရင်တော့ ပျိုတို့တွေလည်း ကိုယ့်အိမ်ရဲ့မီးဖိုချောင်မှာရှိတဲ့ ကော်ဖီမှုန့်လေးတွေ စမ်းသပ်ကြည်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။

 

 

 

 

References : www.rewardme.

Photo references : www.publicdomainpictures.net

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password