အသားအရေအတွက် လူကြိုက်အများဆုံး ရေချိုးဆပ်ပြာရည်များ

တစ်ကိုယ်ရည် ကျန်းမာရေးအတွက် ရေချိုး သန့်စင်ခြင်းကို နေ့စဉ် တစ်နေ့ တစ်ကြိမ်တော့ ပြုလုပ်ပေးသင့်ပါတယ်။ ဒီလို ရေချိုးတဲ့အချိန်မှာ ရေချည်း လောင်းချိုးလိုက်လို့လည်း မရပါဘူးနော်။ ရေချိုးတဲ့အချိန်မှာ ဆပ်ပြာကိုလည်း မဖြစ်မနေ အသုံးပြုပေးရပါတယ်။ ဒီအတွက် ပြောပြပေးချင်တာကတော့ အသားအရေအတွက် လူကြိုက် အများဆုံး ရေချိုး ဆပ်ပြာရည်များပဲ ဖြစ်ပါတယ်။

 1. Nivea moisturizing body wash

အသားအရေကို ချောမွေ့ နူးညံ့စေနိုင်တဲ့အတွက် လူသုံးများတဲ့ ရေချိုး ဆပ်ပြာရည်တွေထဲက အမျိုးအစား တစ်ခုဖြစ်ပါတယ်။ Cream Type ဖြစ်တဲ့အတွက် အရည်တွေလိုမျိုး ခပ်ကြဲကြဲ မဖြစ်ဘဲ သုံးရတာ ပိုအဆင်ပြေတာကို ခံစားရမှာပါ။ ရေချိုးလို့ ပြီးသွားရင်တောင် အနံ့ကကိုယ်မှာ အချိန်အတော်ကြာ စွဲပြီး မွှေးပျံ့နေတဲ့အတွက်ကြောင့်လည်း လူကြိုက်များရတာပါ။

2. The Body Shop Satsuma Shower Gel

Zesty Satsuma essential oil ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဒီရေချိုးဆပ်ပြာဂျယ်ကတော့ ပျက်စီးနေတဲ့အသားအရေတွေကို ပြန်လည် ကောင်းမွန်စေပြီး အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။ အသားအရေ အတွက် လိုအပ်တဲ့အစိုဓါတ်ကို ထိန်းသိမ်းပေးနိုင်တဲ့အတွက် ရာသီဥတုဒဏ်တွေဖြစ်တဲ့ နေလောင်တာတွေ လေတိုက်ခံရတာများပြီး အသားအရေတွေ ခြောက်သွေ့နေတာတွေအတွက် သင့်တော်တဲ့ရေချိုးဆပ်ပြာဂျယ်လေးပဲ ဖြစ်ပါတယ်။

3. Dove Go Fresh Nourishing Body Wash

ရှေးခေတ်တွေကတည်းက အသားအရေ လှပချောမွေ့ချင်တယ်ဆိုရင် နို့နဲ့ရေချိုးပေးခဲ့ကြပါတယ်။ နွားနို့ တွေထဲ စိမ်ချိုးပေးမယ် ဆိုရင် အသားအရေကို နုပျို လှပေစေတယ် စေတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် အခု ပြောပြပေးမယ့် Dove ရေချိုး ဆပ်ပြာကလည်း နွားနို့ကို အဓိက ထားပြီး ထုတ်လုပ်ထားတဲ့ဆပ်ပြာ အမျိုးအစားဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူပြီး ရေဓါတ်ပါဝင်မှုနှုန်း မြင့်မားတဲ့အတွက် အသားအရေကို စိုပြေစေနိုင်ပါတယ်။ နောက်တစ်ချက် အနေနဲ့ကတော့ ရေချိုး ပြီးတဲ့အချိန်မှာ အသားအရေကို အေးမြစေနိုင်ပါသေးတယ်။

ဒါဆိုရင်တော့ အခု ပြောပြပေးထားတဲ့ ရေချိုးဆပ်ပြာရည် သုံးမျိုးကို စမ်းသုံးကြည့်ပြီး ကြည်လင်တောက်ပတဲ့အသားအရေတွေကို ပိုင်ဆိုင်စေဖို့ရန်အတွက် ပြောပြပေးလိုက်ရပါတယ်နော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password