BHA Blackhead Powder Liquid နဲ့ဆို ဆားဝက်ခြံတွေ Bye Bye ပေါ့…….

အားလုံးပဲမင်္ဂလာပါနော်။ ဒီနေ့မှာတော့မဖိတ်ခေါ်ပဲရောက်လာတတ်တဲ့ ဆားဝက်ခြံလေးတွေမျက်နှာမှာရှိနေတဲ့သူတွေအတွက် BHA Blackhead Powder Liquid လေးနဲ့မိတ်ဆက်ပေးပါမယ်။ ဒီပစ္စည်းလေးဟာဆိုရင်ဖြင့်ဆားဝက်ခြံတွေကိုဖယ်ရှားပေးနိုင်ရုံသာမက၊ချွေးပေါက်အတွင်းဆုံးပိုင်းအထိအဆီနဲ့ဖုန်မှုန့်တွေကိုပါ ဖယ်ရှားသန့်ရှင်းပေးနိုင်ပါတယ်။ ဒါတင်မကဘူးနော် ချွေးပေါက်တွေကိုလည်းတဖြည်းဖြည်းကျဉ်းလာစေနိုင်တယ်ဆိုတော့ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေကျယ်နေသူတွေအတွက်မရှိမဖြစ်ဆောင်ထားသင့်တဲ့ပစ္စည်းလေးပါ။

အသုံးပြုပုံလေးကတော့ဒီပစ္စည်းလေးကိုမျက်နှာသန့်ရှင်းပြီးတဲ့အခါမှာတိုနာအဖြစ်အသုံးပြုလို့ရသလိုတိုနာအသုံးပြုပြီးတဲ့အခါမှာလည်းအသုံးပြုလို့ရပါတယ်။ အထူးသဖြင့် နှာခေါင်း၊ ပါး နဲ့မေးစေ့မှာချွေးပေါက်တွေ၊ဆားဝက်ခြံတွေဖြစ်ပေါ်တတ်တာကြောင့်မလို့အဓိကထားလိမ်းပြီးနှိပ်နယ်ပေးသင့်ပါတယ်။ Cotton Pad နဲ့အသုံးပြုပြီးလိမ်းလို့ရသလိုလက်ဖဝါးပေါ်မှာထည့်ပြီးမှလိမ်းလို့လည်းရပါတယ်။ အသုံးပြုပြီးတဲ့အခါမှာ ၁၀ မိနစ် မှ မိနစ် ၂၀ အထိစောင့်ပေးပါ။ အသားအရေထဲကိုတခြားအရာတွေနဲ့မရောခင်မျက်နှာအသားအရေထဲစိမ့်ဝင်သွားဖို့ရန်ဖြစ်ပါတယ်။ အသုံးပြုပြီးနောက်မှာတော့တကယ်ပဲမျက်နှာလေးကြည်လင်သန့်ရှင်းလာပြီး ချွေးပေါက်တွေ၊ဆားဝက်ခြံတွေသက်သာလာတာကိုခံစားရမှာပါ။

 

သတိပြုရမဲ့အချက်တွေကတော့ နှုတ်ခမ်းနဲ့မျက်စိတဝိုက်ကိုရှောင်ရှားပြီးအသုံးပြုသင့်ပါတယ်။ မနက်ပိုင်းအသုံးပြုပြီးတဲ့အခါမှာလည်းနေရောင်ကာလိမ်းခရင်မ်တွေလိမ်းခြယ်ပေးသင့်ပါတယ်။ အသားအရေ allergic ဖြစ်တတ်သောသူတွေအတွက်တော့ဒီပစ္စည်းလေးကိုမရွေးချယ်သင့်ပါဘူး။ ပြီးတော့ တခြား Vitamin C ကြွယ်ဝစွာပါဝင်သောပစ္စည်းများနဲ့တွဲဖက်အသုံးပြုခြင်းကိုရှောင်ရှားပါ။ အသားအရေအခြေအနေအမျိုးမျိုးရှိတဲ့အတွက်ကြောင့်တစ်ပတ်ကိုနှစ်ကြိမ်၊ သုံးကြိမ်ခန့်ပဲအသုံးပြုပေးပါ။ အသုံးပြုတဲ့အခါမှာမနက်တစ်ကြိမ်၊ညတစ်ကြိမ်အသုံးပြုနိုင်ပါတယ်။

 

 

http://cosrx.kr/?portfolio_page=cosrx-bha-blackhead-power-liquid

https://www.instagram.com/cosrx/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password