အဆီဖုတွေကင်းစေဖို့ Biore နဲ့ သန့်စင်ဖို့မမေ့နဲ့နော်……..

အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ မျက်နှာအသားအရေလေး အမြဲလှပသန့်စင်နေဖို့အတွက် အသုံးပြုသင့်တဲ့ Blue Agave + Baking Soda Instant Warming Clay Mask လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီ Mask လေးကို Self-warming Clay Formula နဲ့ ဖော်စပ်ထားပြီး Blue Agave နဲ့ Baking Soda တို့ကို အဓိကပါဝင် ပစ္စည်းအနေနဲ့ ဖော်စပ်ထားပါတယ်။

အသုံးမပြုခင်တော့ မျက်နှာကို အရင်ဆုံးသန့်စင်ပေးထားရပါမယ်။ ပြီးနောက်မှ စိုနေတဲ့ မျက်နှာအပေါ်မှာ Clay Mask လေးကို လိမ်းပေးရပါမယ်။ Instant Warming Formula ကရေနဲ့ထိတွေ့တဲ့အခါ စတင်အသက်ဝင်မှာဖြစ်တဲ့အတွက်ကြောင့် အသုံးပြုတဲ့အခါ ခြောက်သွေ့သလိုခံစားရပါက ရေအနည်းငယ်စွတ်ကာ မျက်နှာအနှံ့ လိမ်းပေးရပါမယ်။ ပြီးနောက်မှာတော့ ၁မိနစ်ခန့် မျက်နှာအနှံ့ အသာအယာ နှိပ်နယ်ပေးရပါမယ်။ နှိပ်နေတဲ့အချိန်အတွင်းမှာပဲ နွေးတဲ့ခံစားမှုမျိုးကို ရရှိမှာပါ။

Mask ဟာ ခြောက်သွေ့၊ ခဲနေတာမျိုးမဟုတ်ပေမဲ့ ပိုမိုနွေးတဲ့ Effect မျိုးကို ရရှိချင်ရင်တော့ ရေထပ်ထည့်အသုံးပြုနိုင်ပါတယ်။ ၁မိနစ်ကြာပြီးနောက်မှာ​တော့ ရေနဲ့ဆေးချလိုက်လို့ရပါပြီ။ ညီညာတဲ့အသားအရောင် ရရှိဖို့ရန်နဲ့ ချွေးပေါက်လေးတွေ သန့်ရှင်းနေစေဖို့ရန်အတွက် တပတ် ၂-၃ ကြိမ် အသုံးပြုသင့်ပါတယ်။ အသုံးပြုတဲ့အခါ မျက်လုံးတဝိုက်ကို ရှောင်ရှားပြီးတော့ အသုံးပြုသင့်ပါတယ်နော်။ အသုံးပြုပြီးနောက်မှာ တကယ်ပဲ မျက်နှာပြင်ပေါ်မှာ ဘာအညစ်အကြေးမှ မရှိတော့သလို သန့်ရှင်းသွားတာကို ခံစားရမှာပါ။ ဈေးနှုန်းအားဖြင့် 6$ ကျသင့်ပြီး ဝယ်ယူလိုပါက 11-UK Cosmetic & Boutique တို့မှာ ဆက်သွယ်မှာယူရရှိနိုင်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password