စွဲမက်စရာကောင်းတဲ့ နှုတ်ခမ်းသားလေးကို Bite Mask နဲ့ ဖန်တီးလိုက်ရအောင်…..

အားလုံးပဲမင်္ဂလာ နှစ်သစ်ပါရှင့်။ ဒီနေ့မှာတော့ ရာသီဥတုကြောင့်ဖြစ်စေ၊ ရေဓာတ်ဆုံးရှုံးလို့ဖြစ်စေ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားလေးတွေကို BITE ရဲ့ Agave Lip Mask နဲ့ ပြန်လည် စိုပြေလှပလာအောင် ပြုလုပ်ဖန်တီးနိုင်ဖို့ရန်အတွက် သတင်းကောင်းလေးဝေမျှပေးချင်ပါတယ်နော်။

ဒီ Lip Mask လေးကို ညဘက်အချိန်တွေသာ မဟုတ်ပဲ နေ့ဘက်အချိန်တွေမျိုးမှာလည်း အသုံးပြုနိုင်ပါတယ်။ Mask လို့ဆိုလိုက်တာနဲ့ အရောင်မပါဘူးလို့ပဲ သာမန်အားဖြင့်ထင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ Mask ကို အရောင်အားဖြင့် Champagne, Natural, Smashed, Maple နဲ့ Lavender ဆိုပြီး ၅ ရောင်ထုတ်လုပ်ထားပါတယ်။

နှုတ်ခမ်းသားလေးကို အဟာရဖြည့်ပေးရုံသာမကဘဲ အရောင်လေးပါ ပါတာကြောင့် အားလုံးအကြိုက်တွေ့စေမှာ အမှန်ပါပဲနော်။ သဘာဝ ဖြစ်တဲ့ Agave Nectar ( နှုတ်ခမ်းသားကို နူးညံ့ ချောမွေ့စေခြင်း ), Jojoba Oil ( နှုတ်ခမ်းသားကို အဟာရပြန်လည်ဖြည့်တင်းပေးခြင်း ) နဲ့ Lanolin ( ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး အစိုဓာတ်ကို ထိန်းပေးခြင်း )တို့ကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် နှုတ်ခမ်းသားကို ပြန်လည်အားဖြည့်ပေးပါတယ်။ ရနံ့လေးကလည်း သင်းတာကြောင့် ပိုမိုအကြိုက်တွေ့စေမှာ သေချာပါတယ်။

  

ညဘက်အသုံးပြုပြီး မနက်နိုးလာတဲ့အခါ နှုတ်ခမ်းသားလေးက နူးညံ့ပြီး လုံးဝကျန်းမာတဲ့ နှုတ်ခမ်းသားလေးကို ရရှိမှာပါ။ နေ့ဘက်မှာလည်း နှုတ်ခမ်းနီ အရောင်ထွက်အားပိုမိုကောင်းစေဖို့ရန်နဲ့ နှုတ်ခမ်းသားကျန်းမာစေဖို့ရန်အတွက် ကြာခံအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

နှုတ်ခမ်းသားလေးဟာ အတော် ပျက်စီးနေရင်တော့ နှုတ်ခမ်းသားကို ပုံမှန် Scrub ပြုလုပ်ခြင်းအားဖြင့် ဆဲလ်သေများဖယ်ရှားပေးပြီး Lip Mask လေးကို ညအချိန်မှာ အသုံးပြုပေးသင့်ပါတယ်။ ပုံမှန်လှုပ်ရှားသွားလာတဲ့အခါမှာလည်း Lip Balm တမျိုးမျိုးနဲ့ နှုတ်ခမ်းသားကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

ဒီလိုပုံမှန်ပြုလုပ်ခြင်းအားဖြင့် ကွဲခြောက် ပျက်စီးနေတဲ့ နှုတ်ခမ်းသားတွေဟာ တခဏချင်းမှာ ပြန်လည်ကျန်းမာလာမှာပါ။ ဈေးနှုန်းအားဖြင့် 26 ဒေါ်လာနဲ့ ချိတ်ဆက်မှာယူနိုင်ပါတယ်။

https://www.bitebeauty.com/agave-lip-mask/BB10002.html#opi3093263483

https://www.bitebeauty.com/agave-lip-mask/BB10002.html

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password