Black Friday မှာ ဝယ်ယူထားသင့်တဲ့ Cosmetic Brand များ

Black Friday ဆိုတာကိုတော့ ၁၉၅၂ ခုနစ်မှာ အမေရိကန်နိုင်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ကျေးဇူးတော်နေ့ကို အထူးအောင့်မေ့တဲ့အနေနဲ့ ခရစ်စမတ်အကြို ဈေးဝယ်ရာသီဆိုပြီး နိုဝင်ဘာလ စတုတ္ထအပတ်ကို သတ်မှတ်ခဲ့ကြပါတယ်။ Black Friday နေ့ကို အသိအမှတ်ပြုများလာတဲ့အချိန်ကတော့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းပါ။ နှစ်အလိုက် Black Friday ကျရောက်တဲ့ ရက်များကတော့

(၁) ၂၀၁၇ ခုနစ်မှာ နိုဝင်ဘာ ၂၄

(၂) ၂၀၁၈ ခုနစ်မှာ နိုဝင်ဘာ ၂၃

(၃) ၂၀၁၉ ခုနစ်မှာ နိုဝင်ဘာ ၂၉

(၄) ၂၀၂၀ ခုနစ်မှာ နိုဝင်ဘာ ၂၇ ရက် အသီးသီးမှာ ကျရောက်မှာပါ။

၂၀၁၈ အတွက် နိုဝင်ဘာလ ၂၃ မှာ Black Friday  နေ့ကျရောက်မှာဆိုတော့ ပျိုမေတို့အနေနဲ့ ဘာတွေဝယ်ထားသင့်လဲ? Black Friday နေ့တွေမှာ မိတ်ကပ်၊ skin care ၊ အဝတ်အစား၊ အီလက်ထရောနစ် အစရှိတဲ့ လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းချိုသာစွာရောင်းချပေးကြတာပါ။ တချို့နာမည်ကျော် brand တွေဆိုရင် ၅၀ ရာခိုင်နှုန်း discount ၊ ၃၀ ရာခိုင်နှုန်း discount အထိ ပြုလုပ်ပေးထားပါတယ်။ တစ်ရက်ထဲ ရောင်းချတာဖြစ်တဲ့အတွက် ဝီရိယရှိရှိ ဝယ်ယူနိုင်မှသာ နာမည်ကျော် brand တွေကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Black Friday မှာ ဈေးချတာတော့ဟုတ်ပါတယ်။ ဘာတွေ ဝယ်ယူကြမလဲ။ အရည်အသွေးကောင်းပြီး အသုံးခံတဲ့ နာမည်ကျော် brand တွေကို ဒီအချိန်မှာ ဝယ်ယူထားသင့်ပါတယ်။ သာမန်အချိန်တွေမှာ brand တွေဝယ်ယူဖို့ဆိုတာ အခက်အခဲတွေရှိနိုင်တယ်လေ။ Black Friday မှာ ဝယ်ယူလိုက်တဲ့ ပစ္စည်းတွေဟာ တစ်နှစ်ပတ်လုံး အသုံးပြုတာ အဆင်ပြေစေနိုင်မယ့် အမျိုးအစားထဲက ရွေးချယ်ပေးပါ။

Black Friday မှာ ဝယ်ယူထားသင့်တဲ့ cosmetic band (၆)မျိုးကို ဝေမျှပေးမယ်နော်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ discount ချတာခြင်း မတူညီပေမယ့်လည်း အများဆုံးတူညီနိုင်တဲ့ brand တွေကို ပြောပြပေးထားပါတယ်။

(၁) Estée Lauder

Estée Lauder  ကို Black Friday နေ့မှာ ၇၀ ရာခိုင်နှုန်း discount နဲ့ ဝယ်ယူနိုင်ပါတယ်။ Estée Lauder Gift Set  ဆိုရင် ၅၀ ရာခိုင်နှုန်း discount နဲ့ ဝယ်ယူနိုင်ပါသေးတယ်။ သာမန်အချိန်မှာဆိုရင် Gift Set တွေက ဈေးနှုန်းမြင့်မားပါတယ်နော်။

(၂) Bobbi Brown

Bobbi Brown ကလည်း Estée Lauder လိုပဲ Black Friday နေ့မှာ ၇၀ ရာခိုင်နှုန်း discount နဲ့ ရရှိနိုင်ပါသေးတယ်။

(၃) Philips

Philips  ကနေ ထုတ်တဲ့ ဆံပင်ဖြောင့်စက်တွေ၊ ကောက်စက်တွေ၊ hair dryer တွေ၊ face နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ(ဥပမာ- ရေနွေးငွေ့စက်) စတဲ့ ပစ္စည်းတွေကို ဒီ black Friday နေ့မှာ ဝယ်ထားသင့်ပါတယ်။

(၄) Origins

Origins Collections Gift Set တွေကိုလည်း ၅၀ ဒါမှမဟုတ်  ၆၀ ရာခိုင်နှုန်းအထိ discount ချတာမို့ ဝယ်ယူထားသင့်ပါတယ်။

(၅) Pixi

Pixi Box တွေကိုလည်း ၃၀ ရာခိုင်နှုန်း discount နဲ့ ဝယ်ယူနိုင်ပါသေးတယ်။

(၆) Unicorn

Unicorn Cosmetics Brushes Set တွေကိုလည်း ဒီအချိန်မှာ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါသေးတယ်နော်။

တခါသတိထားရမှာက အခုဖော်ပြပေးထားတဲ့ brand တွေရဲ့ discount ဈေးနှုန်းတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အနည်းငယ် ကွဲပြားမှုလေးတော့ ရှိနိုင်ပါတယ်နော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password