အတောက်ပဆုံးနဲ့ အလှဆုံးဖန်ဆင်းပေးမယ့် BOBBI BROWN SKIN FOUNDATION CUSHION COMPACT

မိတ်ကပ်မသုံးဘဲ cushion တစ်မျိုးထဲကိုသာ အသုံးပြုနေတဲ့ ပျိုမေတွေအတွက် BOBBI BROWN ကနေ ထုတ်တဲ့ skin foundation cushion compact နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဈေးနှုန်းအနည်းငယ် မြင့်ပေမယ့်လည်း တကမ်းတမ်း အရည်အသွေးကောင်းတာကို သုံးချင်တယ်ဆိုရင်တော့ ဝယ်ယူသင့်တဲ့ cushion တစ်ခုပါ။ နောက်တနည်းနဲ့ ပြောရရင် ဝယ်ယူထားရင် နောင်တမရတဲ့ အလှကုန်ပစ္စည်းတစ်ခုပါ။ ပေးရတဲ့ ဈေးနဲ့အညီ ထိုက်တန်တဲ့ အရလာဒ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

BOBBI BROWN SKIN FOUNDATION CUSHION COMPACT ရဲ့ အားသာချက်များ

(၁) နောက်ဆုံးပေါ်နည်းပညာနဲ့ ခေတ်မှီစွာ ထုတ်ပိုးထားတာကြောင့် ခရီးသွားတဲ့အခါ လွယ်လွယ်ကူကူ သယ်ယူသွားနိုင်ပါတယ်။ ဖိတ်စင်မှာတွေနဲ့ ခြောက်သွားမှာ ပူစရာမလိုပါဘူး။

(၂) တခြား cushion တွေလို နည်းနည်းပါတာ မဟုတ်ပါဘူးနော်။ 13 g ပါဝင်တာကြောင့် ကြာကြာအသုံးခံပါတယ်။

(၃) Refills ကိုလည်း အလွယ်တကူ ဝယ်ယူရနိုင်ပါတယ်။

(၄) အသားအရေအတွက်လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။

(၅) ဒီ cushion ထဲမှာပါဝင်တဲ့ ပစ္စည်းတွေက အသားအရေကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

(၆) နေ့စဉ်အသုံးပြုပေးမယ်ဆိုရင် အသားအရေကို ချောမွေ့လာစေပါတယ်။

(၇) အသားအရေ ညစ်နွမ်းနွမ်းဖြစ်တာနဲ့ မညီမညာတာတွေကို ဖုံးအုပ်ပေးပါတယ်။

(၈) နေရာဒေသမရွေး၊ ရာသီဥတုမရွေး၊ မည်သည့်အသားအရေမဆို အသုံးပြုနိုင်ပါတယ်။

(၉) ခြောက်သွေ့တဲ့ အသားအရေအတွက် အစိုဓါတ်ကို ဖြည့်တင်းပေးပါတယ်။

(၁၀) အသားအရေကို လန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။

(၁၁) SPF (50) ပါဝင်ပါတယ်။

(၁၂) အဆီပြန်တာကို ထိန်းသိမ်းပေးပါတယ်။

(၁၃) အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ မိတ်ကပ်လိမ်းတဲ့အခါ BOBBI BROWN SKIN FOUNDATION CUSHION COMPACT ကို primer အနေနဲ့ အသုံးပြုနိုင်ပါတယ်။

(၁၄) ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက်လည်း အစိုဓါတ်ဖြည့်တင်းပေးပါတယ်။

(၁၅) အလွယ်တကူဝယ်ယူနိုင်ပါတယ်။ အလှကုန်ပစ္စည်းအရောင်းဆိုင်တွေနဲ့ အွန်လိုင်းမှာ ဝယ်ယူနိုင်ပါတယ်။

BOBBI BROWN SKIN FOUNDATION CUSHION COMPACT လေးကတော့ ပေးရတဲ့ ဈေးနှုန်းနဲ့တန်အောင် ရလာဒ်ကလည်း မြင့်မားနေပါတယ်။ ဒါကြောင့် ပျိုမေတို့ အသုံးပြုမယ့် cushion စာရင်းထဲမှာ BOBBI BROWN  ကို ထည့်သွင်းထားနိုင်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password