Potterhead တွေအားလုံးကို ရူးခါသွားစေမယ့် Boots ရဲ့ Harry Potter Collections

Potterhead တွေရှိရင် လက်ညှိုးထောင်!! Boots ကနေအသစ်ထွက်လာတဲ့ Harry Potter Collections တွေကို အခုလကနေစပြီးဝယ်လို့ရနေပြီဆိုတဲ့ သတင်းလေးပြောပြမလို့ ~ Brush set ကအစ Palette အဆုံး product ပေါင်း ၂၆မျိုးတောင်ဆိုတော့ ရွေးချယ်စရာတွေကလည်းအပြည့်ပဲ။

ဒီ Boots ရဲ့ Harry Potter collections က Christmas အတွက်ရည်ရွယ်ပြီးထုတ်တာလို့လည်းဆိုပါတယ်။ Cosmetics, Bath and Body, Accessories ဆိုပြီး category ၃ခုခွဲထားပြီးတော့ ဈေးနှုန်းကလည်း £6 ကနေ £20 အတွင်း၊ ပြီးတော့ Christmas အတွက် ၂ခုဝယ်ရင် ၃ခုစာရမယ့်အစီအစဉ်လည်းရှိတော့ ပျော်ပြီလေနော်။

ဒီ collection ထဲမှာမှ လူကြိုက်အများဆုံးဖြစ်နေတာက Qudditch ကစားပွဲတွေရဲ့ အဓိကဖြစ်တဲ့ Golden Snitch ပုံစံလုပ်ထားတဲ့ bath fizzer ပါ။ တစ်ကယ့် snitch လေးနဲ့တူတာကြောင့် ငယ်ငယ်က seeker ဖြစ်ဖို့စိတ်ကူးယဉ်ခဲ့တဲ့ Potterhead တွေအတွက်တော့အကြိုက်ပါ။

 

နောက်ထပ်လူကြိုက်များနေတာကတော့ မှော်တုတ်တံပုံစံ Brush Set လေးရယ်၊ Hogwarts House အလိုက် အရောင်နဲ့အရုပ်ပုံစံပါတဲ့ အိတ်လေးတွေရယ်၊ Harry Potter version နဲ့ Luna Lovegood version ဆိုပြီးရှိတဲ့ မျက်လုံးအုပ်တဲ့ mask လေးတွေရယ်နဲ့ House လေးခုအလိုက်ထုတ်ထားတဲ့ eyeshadow palette လေးတွေပါ။ ဒါ့အပြင် နှုတ်ခမ်းနီတွေ လက်သည်းနီတွေကိုလည်း house အလိုက်တစ်ရောင်စီထုတ်ထားတာကြောင့် ကိုယ့်ရဲ့ House ကိုလိုက်ပြီးသုံးဖို့ကွက်တိပဲနော်။

ဒီ collections တွေကို England မှာရှိတဲ့ Boots ဆိုင်ခွဲပေါင်း ၄၀၀ကျော်မှာ October ၂၉ရက်နေ့ကနေစပြီးရောင်းချပေးနေသလို Boots online website ကနေလည်း ၂၇ရက်နေ့ကစပြီးရောင်းချနေတာမို့ Potterhead အချင်းချင်းလက်တို့လိုက်တယ်နော်

 

 

references : www.boots.com/harry-potter

image source : www.boots.com/harry-potter

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password