ဆယ်ကျော်သက်တို့ရဲ့ အသည်းစွဲ Kpop Idols တို့အကြိုက်ဆုံး ရေမွှေးများအကြောင်း (အပိုင်း ၁)

လူဆိုတာ မွှေးပျံ့တဲ့ ရနံ့တွေကို ကြိုက်နှစ်သက်တာကတော့ သဘာဝပါပဲ။ ဒီလို မွှေးရနံ့တွေထဲမှာမှ မိမိရင်ခုန်ရတဲ့ သူ၊ တိတ်တခိုးစွဲလမ်းနေရတဲ့သူက အမြဲသုံးတဲ့ ရေမွှေးနံ့ဆိုရင်တော့ ပိုပြီးတော့နှစ်သက်ကြလိမ့်မယ်ဆိုတာ မေးစရာလိုမယ်တောင် မထင်ပါဘူးနော်။ ဒါကြောင့် ဆယ်ကျော်သက်တွေ အသည်းစွဲရင်ခုန်ကြတဲ့ Kpop Idols တွေရဲ့ အကြိုက်ဆုံးရေမွှေးတွေကို စုစည်းပြီးဖော်ပြလိုက်ရပါတယ်။

BTS Suga

BTS အဖွဲ့ဝင် Suga ရဲ့ အကြိုက်ဆုံး ရေမွှေးကတော့ Paco Rabanne Invictus cologne ပါတဲ့။ ဒီရေမွှေးရဲ့ ရနံ့က Fresh and Sporty ဖြစ်တာကြောင့် လှုပ်လှုပ်ရှားရှားနေရပြီး အားကစားလုပ်ရတာကို ကြိုက်တဲ့သူတွေ အတွက်သင့်တော်မှာပါ။

BTS J Hope

J Hope ကတော့ Terre D’ Hermes ကို နှစ်သက်သူပါ။ ဒီရေမွှေးက Romantic ဖြစ်တဲ့သူတွေအတွက် ကိုက်ညီတဲ့ရေမွှေးလို့လည်း review တွေမှာ ညွှန်းကြတာတွေ့ရပါတယ်။

BTS Jin

သူကတော့ Diptyque ရဲ့ Philosykos ကို ကြိုက်တယ်လို့ဆိုပါတယ်။ နွေရာသီနဲ့လိုက်ဖတ်ပြီး သင်းသင်းလေးနဲ့ စိတ်ကိုလန်းဆန်းစေတဲ့ ရေမွှေးအနံ့မျိုးဖြစ်ပြီး Diptyque brand ရဲ့ လူကြိုက်အများဆုံးရေမွှေးလည်းဖြစ်ပါတယ်။


Kang Daniel

Kpop Industry ရဲ့ ‘It boy’ လို့တင်စားကြတဲ့ Kang Daniel ရဲ့ အကြိုက်ဆုံးရေမွှေးကတော့ Creed ရဲ့ Aventus ပါ။ သူ့ရဲ့ရနံ့ကတော့ ခေတ်ဆန်ပြီးခမ်းနားတဲ့ Sophisticated blend လို့ဆိုပါတယ်။

SNSD YoonA

Girls’ Generation အဖွဲ့ရဲ့ visual member YoonA သုံးတဲ့ရေမွှေးကတော့ Issey Miyake ရဲ့ L’eau d’Issey ပါတဲ့။ ပန်းနံ့လေးတွေသင်းနေတဲ့ ဒီရေမွှေးလေးက မိန်းကလေးဆန်တဲ့ ပျိုလေးတွေအကြိုက်ဖြစ်စေမှာပါ။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password