၅မိနစ်ပဲအချိန်ပေးရုံနဲ့ ပန်းနုရောင်သန်းတဲ့ နှုတ်ခမ်းဖူးဖူးလေးကို ပိုင်ဆိုင်နိုင်စေမယ့် Bubi Bubi Lips   

ကဗျာတွေစာတွေထဲမှာ အမြဲတင်စားကြတဲ့ ပန်းနုရောင်နှုတ်ခမ်းဖူးလေးတွေကိုဘယ်သူမဆိုပိုင်ဆိုင်ချင်ကြမှာပါနော်။ ဒါကြောင့် ၅မိနစ်အတွင်း နှုတ်ခမ်းလေးကို နူးညံ့သွားစေမယ့် Unpa ရဲ့ Bubi Bubi Lips လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

 

ဒီ Bubi Bubi Lips လေးကတော့ နှုတ်ခမ်းကို exfoliate လုပ်ပေးမယ့် lips product လေးတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်လေးတစ်ခုကတော့ ပူဖောင်းလေးတွေလိုအမြှုပ်ထလာစေတဲ့ ဖော်မြူလာနဲ့ပြုလုပ်ထားတာကြောင့် တစ်ခြားပစ္စည်းတွေနဲ့ကွဲပြားနေတာပါ။

ဒီ Bubi Bubi Lips Exfoliater လေးကို အသုံးပြုတဲ့နည်းလေးကတော့ အရင်ဆုံး ခြောက်သွေ့နေတဲ့နှုတ်ခမ်းပေါ်မှာ လိမ်းပေးရမှာဖြစ်ပြီး လိမ်းပြီးတာနဲ့ချက်ချင်းဆိုသလို ပူဖောင်းအမြှုလေးတွေတက်လာတာကို စိတ်ဝင်စားစရာတွေ့ရမှာဖြစ်ပါတယ်။

                                                                 

၅မိနစ်လောက်ကြာလို့ ဒီအမြှုပ်လေးတွေခြောက်သွေ့သွားပြီဆိုရင်တော့ လက်ချောင်းလေးတွေကိုအသုံးပြုပြီး ညင်ညင်သာသာ scrub လုပ်ပေးရမှာပါ။ Scrub လုပ်နေတုန်း နှုတ်ခမ်းကိုမဖွင့်မိအောင်သတိထားဖို့တော့လိုပါမယ်၊ ဘာလို့လဲဆိုတော့ ခါးလွန်းတဲ့အရသာရှိလို့ပါဆိုပြီး review တစ်ချို့ကပြောထားလို့ပါ။

ပြီးရင်တော့ နှုတ်ခမ်းလေးတွေကို ရေနဲ့ပြန်ဆေးလိုက်မယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့နှုတ်ခမ်းပန်းနုရောင်လေးတွေကို ပိုင်ဆိုင်နိုင်ပါပြီ။ ဒီ Bubi Bubi Lips လေးကိုလိုချင်တယ်ဆိုရင်တော့ online က beautysite တော်တော်များများကနေဝယ်ယူနိုင်ပါတယ်လို့လဲ သတင်းပေးလိုက်ရပါတယ်နော်။

 

 

Image Source : yanrula.blogspot.com

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password