နေရောင်ခြည်ကြောင့် အစိုဓာတ်ဆုံးရှုံးတာကို နှုတ်ဆက်လိုက်ရအောင်

ပျိုမေတို့ အသားအရေကို အနှောက်အယှက်ပေးနေတဲ့ အရာတွေထဲမှာ နေရောင်ခြည်လည်းပါပါတယ်။နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပေါ်က အစိုဓာတ်တွေ ဆုံးရှုံးရပါတယ်။ ဆုံးရှုံးသွားတဲ့အစိုဓာတ်ကို ဘယ်လို ပြန်လည်ဖြည့်တင်းမလဲ။ ပျိုမေတို့ရဲ့ မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ဆုံးရှုံးသွားတဲ့အစိုဓာတ်ကို ပြန်လည် ရယူနိုင်ပါတယ်။ ဘာတွေလဲဆိုတာအခုပဲဆက်ကြည့်လိုက်ရအောင်။

Scrub လုပ်တဲ့အခါ အပြင်ကနေ ဝယ်သုံးတဲ့ ခံစားချက်နဲ့ အိမ်မှာကိုယ်တိုင်လုပ်တဲ့ ခံစားချက်ကမတူပါဘူး။ ချစ်စရာကောင်းတဲ့ ပစ္စည်းလေးတွေနဲ့ ပြုလုပ်ရတဲ့အခါ ပိုပြီး စိတ်လှုပ်ရှားပြီလေ။ဓာတုပစ္စည်းတွေ မပါဝင်လို့ စိတ်ချလက်ချ သုံးရတယ်လေ။ သဘာဝပစ္စည်းနဲ့ သဘာဝအနံ့ကအသားအရေကို ပိုပြီး စိုပြေစေပါတယ်။
ဂျင်းနဲ့ ပျားရည်ကတော့ ပျိုမေတို့ရဲ့ အသားအရေကို အစိုဓာတ်ပြန်လည် ဖြည့်ဆည်းပေးပြီး ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်စေပါတယ််။ ဂျင်းရယ်၊ ပျားရည်နဲ့ ပင်လယ်ဆားတို့ကို ပေါင်းစပ်ပြီး scrubတစ်ခုကို အိမ်မှာ ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။ အများကြီးပိုနေလို့ ခေါင်းစားစရာမလိုပါဘူး။ဗူးလေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားလို့ရပါတယ်။ နောက်နေ့တွေအတွက်
ကြိုလုပ်ထားပြီးသားဖြစ်သွားတာပေါ့။

ပါဝင်တဲ့ ပစ္စည်းများ

• ဂျင်းလက်နှစ်ဆစ်

• ပင်လယ်ဆား တစ်ခွက်

• ဆန်မှုန့် ခွက်တစ်ဝက်

• ပျားရည် ခွက်တစ်ဝက်

• ထောပတ်သီးအဆီ ခွက်တစ်ဝက်နဲ့

• Peppermint အဆီ အနည်းငယ် လိုအပ်ပါတယ်။

 

 

 

တစ်ခုသတိထားရမှာက ပါဝင်တဲ့ပစ္စည်းတွေက လတ်ဆက်နေဖို့ပါ။ ဂျင်းက အသားအရေရဲ့ကျန်းမာရေးကို အထောက်အကူပြုပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ပျားရည်နဲ့ထောပတ်သီးအဆီက အသားအရကို စိုစွတ်စေပါတယ်။ခွက်ကြီးကြီးတစ်ခုထဲမှာ ပါဝင်တဲ့ပစ္စည်းတွေအကုန်လုံးကို ရောမွှေပေးပါ။ အနှံ့အောင် မွှေပြီးပြီဆိုရင်scrub အဖြစ် သုံးလို့ရပါပြီ။ ပျိုမေတို့အနေနဲ့ မိတ်ဆွေတွေကို လက်ဆောင်ပေးခြင်တယ်ဆိုရင်တော့ ဒီscrub ကို ဖန်ဗူးလှလှလေးထဲထည့်ပြီး လက်ဆောင်ပေးလို့ရပါတယ်။ ကိုယ်ပိုင် scrub ပြုလုပ်ပြီးစျေးကွက်ထဲ ရောင်းချလို့ရပါတယ်။

စျေးကွက်ထဲ ရောင်းချမယ်ဆိုရင်တော့ ဖန်ဘူးလှလှလေးတွေနဲ့တံဆိပ်လေးတွေ ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ပျိုမေတို့ရေ scrub ကို တစ်ပတ် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့် အသုံးပြုပေးသင့်ပါတယ်။အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲအပြင် အစိုဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ပြင်ပမှာစျေးကြီးတဲ့ scrub တွေအစား ကိုယ်တိုင်အိမ်မှာပြုလုပ်တဲ့ scrub က ပိုပြီး ထိရောက်မှု ရှိနိုင်ကြောင်းကိုပျိုမေတို့အတွက် ပြောပြပေးလိုက်တယ်နော်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password