ပျိုမေတို့ကို ခြောက်လှန့်နေတဲ့ တင်းတိတ်ဖြစ်ခြင်းပြဿနာ

တင်းတိတ်ဖြစ်တယ်ဆိုတာ အမျိုးသမီးတိုင်းအတွက်တော့ အိမ်မက်ဆိုးတစ်ခုလိုပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် တင်းတိတ်ဖြစ်တတ်ပါတယ်။ တင်းတိတ်ဖြစ်တဲ့ ပြဿနာအများစုက အသက်ရွယ်နဲ့ နေရောင်ခြည်ကြောင့်ပါ။ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်း တင်းတိတ်ဖြစ်နိုင်ပါတယ်။

နေရောင်ခြည်ဒဏ်ကြောင့် တင်းတိတ်တွေမဖြစ်အောင် sunscreen လို့ခေါ်တဲ့ နေရောင်ကာ လိမ်းခရင်ကို လိမ်းပေးသင့်ပါတယ်။ မျက်မှန်တပ်တာနဲ့ ဦးထုပ်ဆောင်းတာကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ တင်းတိတ်က ဝက်ခြံလိုမျိုး ခဏနဲ့မပျောက်ပါဘူး။ အချိန်ပေးပြီး ကုသပေးရပါတယ်။ တင်းတိတ်ဖြစ်တဲ့ ပျိုမေတွေမှာ စိတ်ဖိစီးမှုတွေနဲ့ ယုံကြည့်မှု လျော့နည်းတာတွေ ကြုံတွေ့ရလာနိုင်ပါတယ်။ မျက်နှာပေါ်မှာ တင်းတိတ်တွေ ဖြစ်လာပြီဆိုရင် တစ်ယောက်ထဲ ဖြေရှင်းမယ့်အစား ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ဘယ်လိုကုသရမယ်ဆိုတာ ဆွေးနွေးဖို့ အရေးကြီးပါတယ်။ တင်းတိတ်ဖြစ်တာကို ဒီအတိုင်းပစ်ထားလိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ အခြေအနေတွေ ဆိုးလာနိုင်ပါတယ်။ နည်းတုန်း ဒါမှမဟုတ် နုတုန်း ကုသထားတာက အမြန်ပျောက်လွယ်ပါတယ်။

တင်းတိတ်ပျောက်ကင်းအောင် ကုသချိန်က ကြာမြင့်တာမို့ စိတ်ရှည်ဖို့လိုအပ်ပါတယ်။ တင်းတိတ်အများစုက နေရောင်ခြည်ထဲမှာရှိတဲ့ ခရမ်းလွန်းရောင်ခြည်( UV) ကြောင့် ဖြစ်ပေါ်လာတာပါ။

တင်းတိတ်အမြန်ဆုံး ဖြစ်လာနိုင်တဲ့သူများ

အပြင်အမြဲတမ်းထွက်နေရသူများ

ဟော်မုန်းအပြောင်းအလဲ ဖြစ်သူများ

ကိုယ်ဝန်ဆောင်မိခင်များနဲ့

မျက်နှာနဲ့ သက်ဆိုင်တဲ့ treatment တွေကို ပြုလုပ်ထားသူများမှာ တင်းတိတ်တွေ အမြန်ဖြစ်လာနိုင်ပါတယ်။

မျက်နှာနဲ့ ပတ်သက်တဲ့ treatment တွေလုပ်တဲ့အခါ တစ်ရက် ဒါမှမဟုတ် နှစ်ရက် အပြင်မထွက်သင့်ပါဘူး။ အထူးသဖြင့် နေရောင်အောက်မှာ သွားလာလှုပ်ရှားတာတွေ မပြုလုပ်ရပါဘူး။ မျက်နှာနဲ့ သက်ဆိုင်တဲ့ treatment တွေကို ပြုလုပ်ထားသူများမှာ တင်းတိတ်တွေ အမြန်ဖြစ်လာနိုင်ပါတယ်။ ဥပမာ – မျက်နှာ peeling ပြုလုပ်ခြင်း

တင်းတိတ်မဖြစ်အောင် ဒီလိုကာကွယ်မယ်

  

နေရောင်ခြည်ထဲ မထွက်ခင် မိနစ်(၂၀)လောက်မှာ နေရောင်ကာခရင် (sunscreen) ကို ကြိုလိမ်းထားသင့်ပါတယ်။

မနက်ခင်းနေထွက်ချိန်မှာ အပြင်ထွက်ပြီး အားကစားပြုလုပ်တာ ဒါမှမဟုတ် တခြားတနေရာရာကို သွားမယ်ဆိုရင် sunscreen ကို လိမ်းပေးဖို့ မမေ့ပါနဲ့။

lightening cream ကို မျက်နှာအနှံ့ နေတိုင်းလိမ်းပေးတာက တင်းတိတ်မကျအောင် ကာကွယ်ပေးပါတယ်။ တစ်ရက် နှစ်ကြိမ်ခန့် ပုံမှန်လိမ်းပေးနိုင်ပါတယ်။

တင်းတိတ်တွေကို ဒီလိုကုသမယ်

တင်းတိတ်တွေ မျက်နှာပေါ်မှာ ရှိလာပြီဆိုရင် အရေပြားဆရာဝန်ထံ သွားရောက်ပြသဖို့လိုပါတယ်။

ဆရာဝန်ညွှန်ကြားချက်တွေအတိုင်း တိတိကျကျ လိုက်နာဖို့ အရေးကြီးပါတယ်။

ကိုယ်ဝန်ကြောင့် တင်းတိတ်ဖြစ်တယ်ဆိုရင်တော့ ကလေးမွေးဖွားပြီးတဲ့အခါမှာ သူ့အလိုလို ပျောက်ကင်းသွားပါတယ်။

ဟော်မုန်းအပြောင်းအလဲကြောင့် တင်းတိတ်ဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကုသမှု ခံယူပါ။

နေရောင်ထဲထွက်မယ်ဆိုရင် အကာအကွယ်တွေ ပြုလုပ်ပေးထားပါ။ မနက်ခင်းနေရောင်ခြည် ထိတွေ့မှု များရင်လည်း တင်းတိတ်ဖြစ်နိုင်တာကို မမေ့ပါနဲ့။

ဆရာဝန်ညွှန်ကြားထားခြင်းမရှိတဲ့ တင်းတိတ်ပျောက်ဆေးတွေကို အသုံးပြုခြင်း ရှောင်ရှားပါ။ ဒီဆေးတွေက ပျိုမေတို့ အသားအရေနဲ့ ဓာတ်မတည့်ဘူးဆိုရင် တင်းတိတ်တွေ ပိုဆိုးလာနိုင်ပါတယ်။

တင်းတိတ်တွေ ပျောက်ကင်းအောင် ကုသတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ တင်းတိတ်ကုသတဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိလာနိုင်တာမို့ ကျွမ်းကျင်သူနဲ့သာ ပြသဖို့ အရေးကြီးပါတယ်။

ပျိုမေတို့ရဲ့ မျက်နှာပေါ်မှာ တင်းတိတ်တွေ ဖြစ်နေပြီဆိုရင် ပေါ့ပေါ့ဆဆမနေဘဲ အမြန်ဆုံးပျောက်ကင်းအောင် စိတ်ရှည်လက်ရှည် ကုသမှုခံယူပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password