ရေဓာတ်ခမ်းခြောက်တဲ့အသားအရေ ဝေးဝေးပြေးထွက်သွားစေမယ့် CeraVe ရဲ့ Moisturizing Cream

ပျိုမေတို့ရေ နွေရာသီရောက်လာပြီဖြစ်လို့ အသားအရေတွေလည်း ခါတိုင်းထက်ပိုပြီး ရေဓာတ်ခမ်းခြောက်နေပြီပေါ့နော်။ ရေဓာတ်ခမ်းခြောက်တော့ အသားအရေခြောက်ကပ်ပြီး နေရထိုင်ရလည်း အဆင်မပြေသလို အသားအရေကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒီတော့ ကုန်ဆုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ Moisturizer ကောင်းလေးတစ်ခုကတော့ မဖြစ်မနေ သုံးသင့်ပါပြီနော်။ ဒါကြောင့် ဒီတစ်ခေါက်မှာ Cosmetic Myanmar ပရိသတ်ပျိုမေတို့အတွက် CeraVe အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ Moisturizing Cream လေးအကြောင်းကို ပြောပြပေးဖို့ ရွေးချယ်ထားပါတယ်။

CeraVe ရဲ့ Moisturizing Cream လေးဟာ နွေရာသီမှာ ရေဓာတ်ကုန်ဆုံးပြီး အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်တားဆီးပေးဖို့ အဓိကထုတ်လုပ်ထားတာဖြစ်ပါတယ်။ MVE Delivery Technology နည်းပညာက ၂၄နာရီပတ်လုံး ရေဓာတ်ကို ဖြည့်တင်းပေးပါတယ်။ အသားအရေကို သဘာဝအတိုင်း ရေဓာတ်ပြည့်ဝစေဖို့ကတော့ Hyaluronic Acid လေးက ကူညီဆောင်ကျဉ်းပေးမှာ ဖြစ်ပါတယ်။

ဒီ Moisturizing Cream လေးကိုလိမ်းထားရင် နူးညံ့ချောမွေ့အေးမြတဲ့ ခံစားမှုအထိအတွေ့ကို ပိုင်နိုင်မှာပဲဖြစ်ပါတယ်။ လိမ်းထားရာမှာလည်း အသားအရေခြောက်သွေ့ခြင်း၊ စပ်ခြင်းများကို မဖြစ်စေပါဘူး။ အသားအရေခြောက်သွေ့သူများနဲ့ အသားအရေ အလွန်အမင်းခြောက်သွေ့သူများတောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသားအရေရဲ့ကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးပြီး မူလသဘာဝအတိုင်း အသားအရေလေးက စိုပြေလန်းဆန်းစေနိုင်အောင် CeraVe ရဲ့ Moisturizing Cream လေးက အကူအညီပေးနိုင်ပါတယ်။

ဒီတော့ အသားအရေခြောက်သွေ့နေလို့ Moisturizing Cream လေးသုံးဖို့လိုအပ်လာပြီဆိုရင်တော့ CeraVe ရဲ့ Moisturizing Cream လေးကို အရင်ဆုံးသတိရလိုက်ပါနော်။

 

 

Image Source –www.cerave.com/

web.facebook.com/CeraVe

www.instagram.com/cerave/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password